သြဂုတ် ၁၀၊ ၂၀၂၅
M-Media

(သတင်းမှန်များကို ဖတ်ရှုဖို့ M-Media Burmese ကို Like လုပ်စို့)
(သတင်းမှန်များ ပြန့်နှံ့ဖို့ M-Media Burmese ကို Share ကြစို့)
အစ္စရေးကလာတဲ့ ဘောလုံးပရိတ်သတ်တွေ ဆူပူသောင်းကျန်းပြီး၊ လူမျိုးစုလိုက် သတ်ဖြတ်အမြစ်ဖြုတ်ဖို့ တိုက်တွန်းဆော်သြတာမျိုးကို ဥရောပနိုင်ငံတစ်ချို့မှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က လတ်ဗီးယားနိုင်ငံကိုလာပြီး Riga FC အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ အစ္စရေးကလပ် Beitar Jerusalem အသင်း ပရိတ်သတ်တွေဟာ ကွင်းတွင်းကွင်းပြင်မှာ မီးရှူးမီးပန်းတွေ အကြီးအကျယ်ဖောက်ပြီး ဂါဇာက လူမျိုးတုန်းသတ်ဖြတ်မှုကို ထောက်ခံကြောင်း ဟစ်အော်ခဲ့ကြပါတယ်။
Beitar Jerusalem အသင်း အားပေးသူတွေဟာ လူမျိုးရေးခွဲခြားမှု အပြင်းထန်ဆုံး ပရိတ်သတ်အဖြစ် ဘောလုံးလောကမှာ ထင်ရှားပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ရိုမေးနီးယားမှာကစားတဲ့ ပွဲတစ်ခုမှာလည်း ဒီပရိတ်သတ်တွေဟာ လမ်းမတွေပေါ်မှာ စု၀ေးချီတက်ပြီး အာရပ်ဆန့်ကျင်ရေး၊ ပါလက်စတိုင်းဆန့်ကျင်ရေး အမုန်းစကားတွေကို ဟစ်အော်ခဲ့ကြပါတယ်။
အခြားအစ္စရေးကလပ်အသင်းတစ်ခုဖြစ်တဲ့ Maccabi Tel Aviv ပရိတ်တွေကလည်း ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက နယ်သာလန်နိုင်ငံ အမ်စတာဒမ်မှာ စု၀ေးချီတက်ကာ ပါလက်စတိုင်းမုန်းတီးရေး ကြွေးကျော်သံတွေ ဟစ်အော်ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတစ်ချို့ကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါတယ်။
ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေက အရေးယူတာမျိုး မရှိပါဘူး။
Video Credit – Aljazeera