News @ M-Media

ရိက္ခာယူရန် တန်းစီစဥ် သတ်ဖြတ်ခံလိုက်ရသည့် ပါလက်စတိုင်း ပီလီ – ဂါဇာ

သြဂုတ် ၁၀၊ ၂၀၂၅

M-Media 

ပါလက်စတိုင်း လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဆိုလိုင်မန် အလ် အိုဘိုဒ်ဟာ သြဂုတ်လ ၆ ရက်နေ့က ဂါဇာမှာ အသတ်ခံလိုက်ရပါတယ်။ 

အမေရိကန်ကျောထောက်နောက်ခံပြု အကူအညီပေးရေးအဖွဲ့  GHF က ၀ေငှတဲ့ ရိက္ခာကိုယူဖို့ တန်းစီ စောင့်ဆိုင်းနေတဲ့အချိန် အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရတာပါ။ ဆူလိုင်မန်ဟာ ပါလက်စတိုင်းကလပ်အသင်းတစ်ချို့မှာ ကစားခဲ့ပြီး ပါလက်စတိုင်းပီလီလို့လည်း နာမည်ကျော်ပါတယ်။ ကစားသမားဘ၀တစ်လျှောက် ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူထားပါတယ်။ 

၂ နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ ဘောလုံးသမား၊ ဒိုင်လူကြီးနဲ့ နည်းပြတွေအပါအ၀င် ပါလက်စတိုင်း ဘောလုံးလောကက စုစုပေါင်း ၃၂၁ ဦး အသတ်ခံထားရပါတယ်။ 

အကူအညီပေးရေးနေရာတွေမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်က ၁၃၀၀ ကျော်ပါပြီ။ 

Ref: Aljazeera