သြဂုတ် ၇၊ ၂၀၂၅
M-Media

ဂါဇာကမ်းမြှောင်ကို သွားမယ့် အကူအညီပေးရေးထရပ်ကားတွေကို ဂျူးအခြေချနေထိုင်သူတွေက သြဂုတ်လ ၆ ရက်နေ့မှာ ထိုင်သပိတ်တားပြီး တားဆီးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒုတိယအကြိမြောက် ဟန့်တားမှုပါ။ ‘ပါလက်စတိုင်းများ ပျောက်ကွယ်သွားပါစေ’ ဆိုတဲ့ ကြွေးကျော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။
အစ္စရေးရဲ့ ၂ နှစ်နီးပါးကြာ သတ်ဖြတ်ပိတ်ဆို့မှုတွေကြောင့် ဂါဇာမှာ အငတ်ဘေးဆိုက်နေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူအညီတွေ အလျင်အမြန်ပေးပို့နိုင်ရေး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
Ref – Aljazeera