News @ M-Media

ဂါဇာတွင် အပစ်ရပ်ရေးစတင်

ဇန်န၀ါရီ ၁၉၊ ၂၀၂၅
M-Media

(ဓာတ်ပုံ – စစ်ရှောင်နေရာမှ နေရပ်သို့ ပြန်လာကြသည့် ဂါဇာပြည်သူများ)

-ပါလက်စတိုင်း နိုင်ငံ ဂါဇာကမ်းမြှောင်မှာ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့တို့အကြား အပစ်ရပ်ရေးဟာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်မှာ စတင်အသက်၀င်လာပါတယ်။

အစ္စရေးဟာ အပစ်ရပ်ရေးမစခင် နာရီပိုင်းအလိုအထိ ဂါဇာပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကုလရဲ့ ပါလက်စတိုင်း အကူအညီပေးရေးအဖွဲ့က အကူအညီထရပ်ကားပေါင်း ၄ ထောင်လောက် ဂါဇာထဲ ၀င်ရောက်အကူအညီပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ပြန်ထားပါတယ်။

၆ ပတ်တာ သတ်မှတ်ထားတဲ့ အပစ်ရပ်ရေး သဘောတူညီချက်မှာ နှစ်ဖက်အပြန်အလှန် ဓားစားခံတွေ လွှတ်ပေးဖို့ ဂါဇာက ကျူးကျော်တပ်တွေကို အစ္စရေးက အပြီးတိုင် ရုပ်သိမ်းဖို့ ပါ၀င်ပါတယ်။

၁၅ လကြာ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း ဂါဇာပြည်သူ ၄၆၀၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။

Ref: Aljazeera