ဇူလိုင် ၄၊ ၂၀၂၅
M-Media

လီဗာပူးလ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ဒီယိုဂို ဂျိုတာဟာ ဇူလိုင်လ ၃ ရက်နေ့က စပိန်နိုင်ငံ ဇာမိုရာမြို့က အ၀ေးပြေးလမ်းမှာ ညီဖြစ်သူနဲ့အတူ ကားမတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။
ဂျိုတာနဲ့ သူ့ရဲ့ညီ အန်ဒရေဆေးလ်ဗားတို့ စီးလာတဲ့ Lamborghini ကားဟာ အခြားကားတစ်စီးကို ကျော်တက်ရာမှာ တာယာကွဲပြီး လမ်းဘေးအကာအယံတွေကို ၀င်တိုက်ကာ မီးလောင်သွားခဲ့တာဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ ဂျိုတာဟာ အသက် ၂၈ နှစ်သာ ရှိသေးပြီး ဆေးလ်ဗားက ၂၅ နှစ်သာ ရှိပါသေးတယ်။ ယူကေကို သင်္ဘောနဲ့ပြန်ဖို့ ဆန်တန်ဒါ သင်္ဘောဆိပ်ကိုအသွားမှာ ဒီလိုကံကြမ္မာဆိုးကို ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ဂျိုတာဟာ မကြာသေးခင်က အဆုတ်ကို ခွဲစိပ်ကုသထားတာကြောင့် လေယာဥ်မစီးဖို့ ဆရာ၀န်က ညွှန်ကြားထားတာပါ။
ဂျိုတာဟာ ငယ်ချစ်ဦး ရူတီကာဒိုဆိုနဲ့ ကလေး ၃ ဦး ရရှိပြီးတဲ့နောက် ဇွန်လ ၂၂ ရက်နေ့က ပူပူနွေးနွေးလက်ထပ်ထားတာ ဖြစ်ပါတယ်။
ဂျိုတာ ကားမတော်တဆဖြစ်ခဲ့တဲ့ A‑52 အ၀ေးပြေးလမ်းဟာ စပိန်မှာ အန္တရာယ်များပြီး မတော်တဆမှု အဖြစ်များတဲ့ လမ်းဖြစ်ကြောင်း စပိန်မီဒီယာတွေက ဖော်ပြကြပါတယ်။
Ref: The Sun