News @ M-Media

ပါလက်စတိုင်းတွင် ထပ်မံ ဖျက်ဆီးခံလိုက်ရသည့် ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းတစ်ခု 

ဇူလိုင် ၁၅၊ ၂၀၂၅

M-Media 

(ဓာတ်ပုံ – အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာကြသည့် ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သံတမန်များ)

ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းနဲ့ ခရစ်ယာန် သုဿန်တစ်ခုကို ဂျူးအခြေချနေထိုင်သူတွေက ပြီးခဲ့တဲ့တစ်ပတ်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

တိုင်ဘာဆိုတဲ့ ခရစ်ယာန်မြို့လေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း အဲဒီမြို့က နေအိမ်တစ်ချို့ကို တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေက ဖျက်ဆီးခဲ့ကာ လယ်ယာမြေတွေလည်းကို မီးရှို့ခဲ့ပါတယ်။ 

အစ္စရေးအာဏာပိုင်တွေဟာ ပါလက်စတိုင်း ပိုင်နက်တွေမှာ တရားမ၀င်အခြေချအိမ်ယာတွေ တည်ဆောက်ကာ ကမ္ဘာတစ်၀ှမ်းက ၀င်လာတဲ့ ဂျူးတွေကို နေထိုင်စေတာဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီရန်ကြောင့် ပါလက်စတိုင်းကို ထွက်ပြေးလာရတဲ့ ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ ထူထောင်တဲ့အချိန်မှာ ပါလက်စတိုင်းက ခရစ်ယာန် မြို့ရွာပေါင်း ၃၀ ကျော် ဖျက်ဆီးခံရပြီး အဲဒီက ခရစ်ယာန်တွေလည်း သတ်ဖြတ်မောင်းထုတ်ခံခဲ့ရပါတယ်။ 

Ref : AP