News @ M-Media

ဂါဇာတွင် အဟာရပြတ်သေဆုံးသူ ၁၃၃ ဦးရှိလာ

ဇူလိုင် ၂၇၊ ၂၀၂၅

M-Media

အစ္စရေးက တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဂါဇာမှာ ဇူလိုင်လ ၂၇ ရက်နေ့က အဟာရ ပြတ်လပ်သေဆုံးသူ ၆ ဦး ထပ်မံ တိုးလာခဲ့ပြီး စုစုပေါင်း ၁၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

သေဆုံးသူတွေထဲက ၈၇ ဦးက ကလေးငယ်တွေဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အစ္စရေးဟာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချခဲ့တာကြောင့် ကမ္ဘာနိုင်ငံတွေရဲ့ ၀ေဖန်မှုကို ခံခဲ့ရပါတယ်။

နိုင်ငံတကာ အကူအညီတွေကို အစ္စရေးက ၀င်ခွင့်မပေးတာကြောင့် ဂါဇာမှာ အငတ်ဘေးဆိုက်ခဲ့တာဖြစ်ပါတယ်။

ဂါဇာက ပါလက်စတိုင်းပြည်သူတွေ အငတ်ဘေးဆိုက်တဲ့ ဓာတ်ပုံတွေကို နာဇီလက်ထက် ဂျူးတွေကို အငတ်ထားညှင်းဆဲတဲ့ ပုံတွေနဲ့ ယှဥ်တွဲဖော်ပြမှုတွေလည်း ဆိုရှယ်မီဒီယာမှာ မြင့်တက်လာပါတယ်။

Ref: Aljazeera