News @ M-Media

လားရှိုးမှ အမျိုးသမီးကို မီးရှို့သူမှာ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန် ရောဂါစွဲကပ်နေသူဖြစ်

မေ-၂၉၊၂၀၁၃
M-Media
သတင်း-KK

လားရှိုးမှ အမျိုးသမီးကို မီးရှို့သူမှာ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန် ရောဂါစွဲကပ်နေသူဖြစ်ကြောင်း ဆေးမှတ်တမ်းများအရ သိရှိရ

ယမန်နေ့က လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးအား မီးရှို့ခဲ့သူသည် ကျိုင်းတုံမြို့နေ ကိုနေ၀င်း ဆိုသူဖြစ်ပြီး။ နာတာရှည် အရက်စွဲ စိတ်ဖေါက်ပြန်ရောဂါ စွဲကပ်နေသူဖြစ်ပါတယ်။ (အရက်ကြောင်) ခံစားနေရသူဖြစ်ပါတယ်။ ကိုနေ၀င်းအား ဆေးရုံမှ ဆေးစာ ထုတ်ပေးထားခြင်းခံရသူဖြစ်ပါတယ်။ ဆေးရုံမှထုတ်ပေးထားသော ဆေးစာအရ အရက်အလွန် အကျွံသောက်မှုကြောင့်ဖြစ်လာတဲ့ စိတ်ရောဂါဖြစ်ကြောင်း ပါရှိပါတယ်။

ကိုနေ၀င်းဟာ ယခင်က လေယာဉ်ရုံးမှာ နှစ်အတန်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ အရက် အလွန်အကျွံသောက်သုံးသူဖြစ်သဖြင့် ဆရာဝန်မှ အရက်မသောက်ရန် တားမြစ်ထားပါတယ်။  စိတ်ရောဂါကြောင့် အလုပ်ထွက်လိုက်ရတယ်လို့ သိရပါတယ်။ တစ်ခါတလေ သူ့ကို ကြိုးနဲ့တုပ်ထားရတဲ့အထိ စိတ်ရောဂါဖောက်ပြန်ဘူးကြောင်းနှင့် သူက တအားထိန်းရခက်တော့ သူ့ကို ခရီးမသွားဖို့ အလုပ်မလုပ်ဖို့ မကြာခဏ မိသားစုဝင်တွေက ပြောခဲ့ရတယ်ကြောင်း စုံစမ်းသိရှိရပါတယ်။

“ဆေးစာအရတော့ အရက်ကြောင့်ဖြစ်တဲ့စိတ်ရောဂါ လို့ရောဂါနာမည် တတ်ထားတယ်။ ဆေးမှန်မှန် မသောက်ဘူး ဒါကြောင့် ရောဂါပြန်ပြန်ထတယ်။ စိတ်ရောဂါရဲ့ လက္ခဏာတွေထဲက အခြားသူတွေကသူ့ကို ဒုက္ခပေးလိမ့်မယ်လို့ထင်နေတဲ့အထင်မှားမူ (persecutory delusion) နဲ့ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) ရှိတယ် လို့ရေးထားတယ်။ အဲဒီတခေါက်က ၅ ကြိမ်မြောက်ဆေးရုံတက်တာ၊ တာချီလိတ်ကို ဆိုင်ကယ်နဲ့ တယောက်ထဲသွားတာမှာ စိတ်ဖောက်လာပြီး နဲ့ Officerနဲ့ စကားများတယ်။ ရဲစခန်းရောက်တယ်။ အဲဒီကမှ တာချီလိတ်ဆေးရုံမှာ ၁၈၊၇၊၂၀၁၂ မှာတက်ပြီး စိတ်ငြိမ်ဆေးထိုးရတယ် လို့ရေးထားတယ်။ အဲဒီကမှ ကျိုင်းတုံဆေးရုံ ရောက်တာ။”လို့ ဆေးစာမှာ ရေးထားပါတယ်လို့ ဆရာဝန် တစ်ဦးမှ မှတ်ချက်ပြုလာပါတယ်။

 

medical doc2 medical doc3

 

medical doc medical doc4 medical doc5

Comments

Leave a Reply