၂၀၁၃ ၊ အောက်တိုဘာ၊ ၁ (၉း၄၅-နာရီ)
M-Media
ထွန်းတောက်
ယခုရက်ပိုင်းအတွင်း သံတွဲမြို့တွင် ဆက်တိုက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုကိစ္စများဟာ ယခုထိ တည်ငြိမ်သွားခြင်းမရှိသေးဘဲ ဆက်တိုက်ဆိုသလို ထပ်မံ ဖြစ်ပွားနေပါတယ်။
အခု ၉း၁၅-နာရီ ခန့်မှာတော့ သံတွဲမြို့ပေါ်မှာ အခြေအနေ တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဆိုးဝါးနေကြောင်းကို သံတွဲမြို့ခံများမှ ဆက်သွယ်ပြောကြားလာပါတယ်။
သံတွဲမြို့ ဂျာမေ့ဗလီအား အကြမ်းဖက်ဖျက်ဆီးရန် ရောက်လာတဲ့အတွက် ၀ိုင်းပြီးလိုက်ကြလို့ အကြမ်းဖက်သမားများ ပြန်လည် ထွက်ပြေးသွားကြတယ်လို့လည်း ပြောပါတယ်။ သံတွဲမြို့ သြဘာလမ်း၊ စပယ်လမ်းများ တွင်လည်း လူအများ ထိတ်လန့်နေကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်လို့လည်း သြဘာလမ်းနေ သံတွဲမြို့ခံတစ်ဦးက M-Media ကို ပြောပါတယ်။
ဒီနေ့ မနက်အစော လင်းအားကြီးအချိန်တွင် သဗြုချိုင်ရွာ၌ အကြမ်းဖက်မှုဖြစ်ပွားပြီး ကျေးရွားသားများမှ ပြန်လည် ခုခံ၍ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိသော်လည်း ပြန်လွှတ်ပေး လိုက်တယ်လို့ သံတွဲမြို့ခံများ၏ အပြောအရ သိရပါတယ်။
ယခုအခါ ထိုအကြမ်းဖက်လုပ်ရပ်များကို ဦးဆောင်နေသူမှာ ယခင်အကြမ်းဖက်မှုများအား ဦးဆောင်လုပ်နေသူ ထွန်းသန့်ကျော် ခေါ် ကျော်ကျော်ဖြစ်ကြောင်း အခိုင်အမာ သိရှိရသော်လည်း သူ့အား ဖမ်းဆီးအရေးယူခြင်းမရှိပဲ လွှတ်ထားတာဟာ အကြမ်းဖက်မှုတွေကို ပိုဖြစ်လာအောင် လုပ်ဖို့ အခွင့်အလမ်းပေးထားတယ် လို့လည်း သံတွဲမြို့ခံများက ဆိုပါတယ်။
သံတွဲမြို့မှာ လွန်ခဲ့တဲ့ လတွေထဲက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း အကြမ်းဖက်သမားများမှ မွတ်စလင်မ် နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ပြောင်ပြောင်တင်းတင်း အကြမ်းဖက်မီးရှို့မှုများ ဆက်တိုက်ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။
မနက်ဖြန်တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခန်း သံတွဲမြို့သို့ လာရောက်မည်ဟုလည်း သိရကြောင်း သတင်းရရှိပါတယ်။
Leave a Reply
You must be logged in to post a comment.