6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၊ ၂၀၁၃
M-Media

တိုးတက်အောင်မကြိုးစားပါက မန်ယူတွင်မရှင်သန်နိုင်ဟု ကာဂါဝါဆို

ပြီးခဲ့သည့်တစ်ပါတ်က ကစားခဲ့သည့် ၀က်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ဒုတိယပိုင်း၌ လူစားလဲခံခဲ့ရသည့် ဂျပန်အလယ်တန်းလူ ကာဂါဝါက ၎င်းအနေဖြင့် စွမ်းဆောင်ရည်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုကဲ့သို့ မဆောင်ရွက်နိုင်ပါက မန်ယူတွင် ဆက်လက်ရှင်သန်ရန် မဖြစ်နိုင်ဟု ပြောဆိုလိုက်သည်။

မိုယက်စ်ကိုင်တွယ်သည့် မန်ယူအသင်းတွင် ပွဲထွက်ကစားသမားအဖြစ် ၄ ပွဲကစားထားသည့် ကာဂါဝါက “(လူစားလဲ ခံရမှုကနေရရှိခဲ့တဲ့) သင်ခန်းစာကို ကျွန်တော်သိပြီး ပိုကောင်းအောင် ကစားရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အရှေ့မှာ သွားရမယ့်ခရီးက ရှည်ပါတယ်။ ဒါပေမယ့် အကယ်၍ဒီလိုအခွင့်အရေးတွေကနေ အကျိုးကျေးဇူးတွေ မယူနိုင်ဘူးဆိုရင် ကျွန်တော်ဒီမှာ ဆက်လက်ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ကောင်းကောင်းမွန်မွန်နေပြီး ပြင်းပြင်းထန်ထန်ကြိုးစားရပါမယ်” ဟု ကာဂါဝါက ဂျပန်သတင်းစာ The Hochi Simbun သို့ပြောကြားခဲ့သည်။
goal
_________________________
လီဗာပူးလ်မှ ဆွာရက်ဇ် ထွက်ခွာမည်ကို ကြောက်ရွံ့သည်ဟု ဂျာရတ်ဆို

နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် အာဆင်နယ်အသင်းများသို့ပြောင်းရွှေ့မည်ဟု သတင်းထွက်ခဲ့သော်လည်း လီဗာပူးလ်အသင်းတွင်ဆက်လက်ရှိနေသည့် ဥရုဂွေးတိုက်စစ်မှူး လူဝစ်ဆွာရက်ဇ် အသင်းတွက်ဆက်ရှိနေမှုကို ကွင်းလယ်လူဂျရတ်က ချီးကျူးလိုက်ပြီး၊ ဆွာရက်ဇ် အသင်းမှ ထွက်ခွာသွားမည်ကို ကြောက်ရွံ့နေခဲ့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။
ထို့ပြင် ဆွာရက်ဇ်အသင်းတွင်ဆက်လက်ရှိနေစေရန် ၎င်းအနေဖြင့် အစွမ်းကုန်ကြိုးပမ်းခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဆွာရက်ဇ်မှာ လီဗာပူးလ်အသင်းမှထွက်ခွာရန် စိတ်အားထက်သန်ခဲ့သော်လည်း အသင်းက လုံးဝလက်မလွှတ်ခဲ့ပေ။

“(ဆွာရက်ဇ်နဲ့ပက်သက်ပြီး) ဘာမှမဖြစ်ပါစေနဲ့၊ ဒီမှာပဲရှိနေပါစေဆိုတဲ့မျှော်လင့်ချက်နဲ့ နေ့တိုင်း ကျွန်တော်အိပ်ရာထခဲ့ပါတယ်။ သူအန်ဖီလ်းမှာရှိနေဖို့ ကျွန်တော့်လောက်ဘယ်သူမှ မကြိုးစားခဲ့ပါဘူး။ ကျွန်တော် သူနဲ့ပက်သက်ပြီးဘယ်လိုတွေးခဲ့တယ်ဆိုတာ သူသိပါတယ်။ လူးဝစ်လိုကောင်းမွန်တဲ့ကစားသမားမျိုးရှိပြီဆိုရင် အသင်းကြီးတွေက သူကိုလိုချင်ကြမှာပါ” ဟု ဂျရတ်က The Mirror သတင်းစာသို့ပြောကြားခဲ့သည်။ ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်စေ့ပြီးနောက် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းနှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သည်။
goal
_________________________

ဇာဗီမှာ ဆယ်စုနှစ်အတွင်း အကောင်းဆုံး အလယ်တန်းကစားသမားဖြစ်သည်ဟု ကာပယ်လိုဆို

ရုရှားအသင်းအားကိုင်တွယ်နေသည့် ကာပယ်လိုက ဘာစီလိုနာအသင်း၏ ကွင်းလယ်ကစားသမား ဇာဗီအား ဆယ်စုနှစ်၏အကောင်းဆုံးကစားသမား အဖြစ် ချီးကျူးပြောဆိုလိုက်သည်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဇာဗီမှာ ၁၉၉၈-၉၉ ရာသီမှစ၍ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပွဲပေါင်း ၆၅၀ ကစားပေးထားသည်။ ချန်ပီယံလိဂ်ဖလားသုံးလုံးအပါအ၀င် ဘာစီလိုနာအသင်းနှင့် ဆုဖလားပေါင်း ၂၂ ခု ဆွတ်ခူးနိုင်ခဲ့သည့်ဇာဗီမှာ စပိန်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားလည်းဖြစ်ပြီး ဥရောပဖလားနှင့် ကမ္ဘာ့ဖလားကိုလည်း ဆွတ်ခူးရရှိထားသည်။

ထို့ပြင် ဘာစီလိုနာ၏လာမည့်နှစ်များတွင် ဘရာဇီးတိုက်စစ်မှူး နေးမာမှာ ဘာကာအသင်းအား ဦးဆောင်နိုင်လိ့မ်မည်ဟု ထင်မြင်နေသည့် ကာပယ်လိုက “ဇာဗီဟာ ရာစုနှစ်ရဲ့အကောင်းဆုံး အလယ်တန်းကစားသမားပါ။ ပြီတော့ အနာဂတ်ဘာစီလိုနာအသင်းကို ဦးဆောင်သူဟာ နေးမာ ဖြစ်လာမှာပါ” ဟု Onda Cero သို့ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီမှာ ရီးယဲလ်တွင်အချိန်ယူရမည်ဖြစ်ကြောင်း၊ ၎င်း၏အမြင်အရ ရီးယဲလ်မှာ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးဖြစ်ကြောင်း ထည့်သွင်းပြေားခဲ့သည်။
_________________________

ဘာလော့တယ်လီမှာ တစ်ခါတစ်ရံတွင် ဆိုးရွားသော ဖျက်ထုတ်မှုများ၏ သားကောင်ဖြစ်သည်ဟု အေစီ ဒါရိုက်တာဆို

ဘာလော့တယ်လီအနေဖြင့် ၎င်း၏ဒေါသကိုထိန်းချုပ်သင့်သော်လည်း တစ်ခါတစ်ရံတွင် ဘာလော့တယ်လီမှာ ပြိုင်ဘက်နောက်ခံလူများ၏ သားကောင်ဖြစ်၍ သွားသည်ဟု အေစီမီလန်အသင်း စီအီးအိုဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက ပြောကြားခဲ့သည်။

အသက် ၂၃-နှစ်အရွယ်ရှိ ဘာလော့တယ်လီမှာ နာပိုလီအသင်းနှင့်ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် ဒိုင်လူကြီး၊ ပွဲတာဝန်ရှိသူများနှင့် ပြိုင်ဘက်ကစားသမားများအား ရိုင်းစိုင်းစွာ ပြုမှုခဲ့ခြင်းကြောင့် သုံးပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ “ကျွန်တော်တို့ ဘာလော့တယ်လီနဲ့ စကားတော်တော်ပြောခဲ့ပါတယ်။ သူာနောက်ထပ်ဒီလိုပြုမူလို့မရတော့ပါဘူး ပြီးတော့ သူဟာ ပွဲကိုပဲအာရုံစိုက်ဖို့လိုပါတယ်။ ဘာလော့တယ်လီအနေနဲ့ သူရဲ့တုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်ဖို့ သင်ယူရပါမယ်။ တစ်ခါတစ်ရံမှာ ပြစ်ဒဏ်ပေးခြင်းမခံရတဲ့ ဖျက်ထုတ်မှုတွေကိုသူခံရပါတယ်။” ဟု ဂါလီယာနီက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဘာလော့တယ်လီမှာ ယခုရာသီတွင် အေစီမီလန်အသင်းနှင့် ၇ ပွဲကစားခဲ့ပြီး ၄ဂိုးသွင်းယူပေးထားသည်။
_________________________

ဂျူဗင်တပ်စ်နှင့်အတူ စီးရီးအေချန်ပီယံ သုံးကြိမ်ဆက်ဖြစ်ချင်သည်ဟု ဗီဒယ်ဆို

ဂျူဗင်တပ်စ်အသင်း၏ ကွင်းလယ်လူ အာတူရိုဗီဒယ်က ဂျူဗင်တပ်စ်အသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးချင်နေပြီး စီးရီးအေ ချန်ပီယံအား သုံးချိန်ဆက်ရယူချင်သည်ဟုပြောကြားလိုက်သည်။ ချီလီကစားသမားဖြစ်သူ ဗီဒယ်မှာ ၂၀၁၁ ခုနှစ်က လေဗာကူဆင် အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ရောက်ရှိလာခဲ့ပြီးနောက် အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး အသင်းနှင့်အတူ စီရီးအေချန်ပီယံ ၂-ကြိမ်နှင့် အီတလီစူပါဖလား ၂-ကြိမ်ရရှိခဲ့သည်။

“ပြီးခဲ့တဲ့ ရာသီအနည်းငယ်မှာ ဂျူဗင်တပ်စ်ဟာ အရေးပါတဲ့အရာတွေကို လုပ်ဆောင်ပြီးပါပြီ။ ကျွန်တော်တို့ စီးရီးအေချန်ပီယံနှစ်ကြိမ်နဲ့ စူပါဖလားနှစ်ကြိမ် ရရှိထားပါတယ်။ နောက်ထပ်လည်း ဆုဖလားတွေရရှိဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော် ၂၆ နှစ်ရှိပါပြီ။ ရှေ့မှာ နှစ်တွေအများကြီးရှိပါသေးတယ်။ ဂျူဗင်တပ်စ်နဲ့အတူ သုံးကြိမ်ဆက် စီးရီးအေချန်ပီယံဖြစ်ချင်ပါတယ်” ဟု 24horas သို့ပြောကြားခဲ့သည်။ ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေ အမှတ်ပေးဇယားတွင် ရိုမားအသင်းနှင့် ၂ မှတ်အကွာ တတိယနေရာတွင်ရှိနေသည်။
goal
_________________________

အာဆင်နယ်၊ ချယ်ဆီး၊ ဘာစီလိုနာနှင့် ဒေါ့မွန်တို့အနိုင်ရခဲ့ကြသည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ
322424_heroa
ချန်ပီယံလိဂ် အုပ်စု E, F, G, H
များ၏ အုပ်စုဒုတိယပွဲစဉ်များကို ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ အာဆင်နယ်၊ ချယ်ဆီး၊ ဘာစီလိုနာနှင့် ဒေါ့မွန်တို့ အနိုင်ရရှိခဲ့ကြသည်ဟုသိရသည်။

အုပ်စု E 

စတူအာဘူခါရက် ၀-၄ ချယ်ဆီး
ဘေဆယ် ၀-၁ ရှော်လ်ကာ

စတူအာဘူခါရက်နှင့် ချယ်ဆီးအသင်းတို့ပွဲစဉ်တွင် မော်ရင်ဟို၏ ချယ်ဆီးအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ချယ်ဆီးအသင်းမှာ စပါးအသင်းနှင့် သရေကျခဲ့သည့် ပွဲမှ လူစာရင်းအား နှစ်နေရာအပြောင်းအလဲလုပ်ထားပြီး စတူအာဘူခါရက်အား ရင်ဆိုင်ခဲ့သည်။ အဖွင့်ပွဲစဉ်တွင် ရှုံးနိမ့်ထားခြင်းကြောင့် ယခုပွဲတွင် အသေအချာပြင်ဆင်ခဲ့သည့် ချယ်ဆီးအသင်းမှာ ပထမပိုင်း မိနစ် ၂၀ တွင် အဖွင့်ဂိုးရရှိခဲ့ပြီး အလယ်တန်းလူ ရာမီးရက်စ်က သွင်းယူခဲ့သည်။ ချယ်ဆီးအသင်းက ဖိကစားနိုင်ခဲ့သော်လည်း စတူအာဘူခါရက်၏ တန်ပြန်တိုက်စစ်များမှ ချယ်ဆီးအသင်း၏ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ၄၄ မိနစ်တွင် ဒန်နီယ် ဂျော့ဂီဗ်စကီးက ကိုယ့်ဂိုးကိုသွင်းယူမိခဲ့သဖြင့် ချယ်ဆီးအသင်း ဒုတိယဂိုးရရှိခဲ့သည်။ မိနစ် ၅၀ တွင် ရာမီးရက်စ်က တတိယဂိုးကိုလည်းကောင်း၊ မိနစ် ၉၀ တွင် ကွင်းလယ်လူ လမ်းပတ်က စတုတ္ထဂိုးကိုလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။ မော်ရင်ဟိုမှာ ယခုပွဲအနိုင်ကြောင့် ဖိအားအနည်းငယ်လျော့နည်းခဲ့သလို ချယ်ဆီးအသင်းမှာလည်း ၂ ပွဲကစား ၃ မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

အဖွင့်ပွဲစဉ်တွင် ချယ်ဆီးအသင်းအား အနိုင်ရရှိခဲ့သည့် ဂျာမန်ကလပ် ရှော်လ်ကာအသင်းမှာ ယခုပွဲတွင်လည်း ဘေဆယ်အသင်းကို အဝေးကွင်းတွင် အနိုင်ရရှိခဲ့ပြီး ချယ်ပီယံလိဂ် ရာနှုန်းပြည်နိုင်ပွဲဖြစ်ခဲ့သည်။ အိမ်ရှင်ဘေဆယ်အသင်းက ဂိုးသွင်းခွင့်မြောက်များစွာရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ရှော်လ်ကာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်း ၅၄ မိနစ်တွင် ကွင်းလယ်လူ ဂျူလီယန် ဒရက်စလာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
……………………………………

အုပ်စု F 

အာဆင်နယ် ၂-၀ နာပိုလီ
ဒေါ့မွန် ၃-၀ မာဆေးလ်

ပရီမီးယားလိဂ်တွင်ပုံစံကောင်းရရှိနေပြီး ဇာယားထိပ်ကိုရောက်ရှိနေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်း အီမရိတ်တွင် အမှားအယွင်းမရှိဘဲ နာပိုလီအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ နာပိုလီအသင်း၏ တိုက်စစ်မှူးဟီဂူအင်မှာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ အာဆင်နယ်အသင်းတွင် ပေါင်ဒဏ်ရာကြောင့် အနားယူနေရသည့် ရိုစစ်စကီး နှင့် အာတီတာတို့ လူစားဝင်ကစားခဲ့သည်။ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်တွင် ရမ်ဆေး၏ ဖြတ်တင်ဘောမှတစ်ဆင့် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သည့် ဂျာမန်ကွင်းလယ်လူ မီဆု အိုဇေးလ်က လှပစွာသွင်းယူပေးခဲ့သည်။ ထိုဂိုးမှာ မီဆုအိုဇေးလ်၏ အာဆင်နယ်အသင်းအတွက် ပထမဦးဆုံးဂိုးလည်းဖြစ်ခဲ့သည်။အာဆင်နယ်အသင်းမှာ ကွင်းလယ်အား စိုးမိုးထားနိုင်ခဲ့ပြီး ၁၅ မိနစ်တွင် ဒုတိယဂိုးရရှိခဲ့ပြီး အိုလီဗီယာ ဂျီရူးက သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အာဆင်နယ်အသင်းမှာ ၂ ပွဲကစား ၂ ပွဲနိုင် ၆မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။

ဂျာမန်မြေတွင်ကစားခဲ့သည့် ဒေါ့မွန်အသင်းနှင့် မာဆေးလ်အသင်းတို့ပွဲစဉ်တွင် ဒေါ့မွန်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။ မာဆေးလ်အသင်း၏ အဓိကတိုက်စစ်မှူး ဂစ်နက်မှာ ခြေချောင်းဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိသောကြောင့် မာဆေးလ်အသင်းတိုက်စစ်အားနည်းခဲ့ရသည်။ ဒေါ့မွန်အသင်းအတွက် ဂိုးများကို လာမည့်ဇန်န၀ါရီတွင်အသင်းမှထွက်ခွာမည်ဟု ပြောဆိုထားသည့် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ၁၉ မိနစ်တွင်တစ်ဂိုး၊ မိနစ် ၈၀ တွင် ပင်နယ်မှ တစ်ဂိုးနှင့် မာကို ရီအက်စ်က ၅၂ မိနစ်တွင် တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့သည်။
…………………………………………

အုပ်စု G 

ပေါ်တို ၁-၂ အက်သလက်တီကို
ဇင်းနစ် ၀-၀ သြစတီးယား ဗီယင်နာ

လာလီဂါတွင် ရီးယဲလ်မက်ဒရစ်အား ၁ ဂိုး ဂိုးမရှိဖြင့် အဝေးကွင်းတွင်အနိုင်ယူနိုင်ခဲ့သည့် အက်သလက်တီကိုမှာ ချန်ပီယံလိဂ်တွင်လည်း ပေါ်တိုအသင်းအား အဝေးကွင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ပေါ်တို၏ အိမ်ကွင်း ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးနိုင်ခဲ့သည်။ ဦးဆောင်ဂိုးကို အိမ်ရှင်ပေါ်တိုအသင်းက စတင်ရရှိခဲ့ပြီး ၁၆ မိနစ်တွင် ဂျက်ဆန် မာတီနက်ဇ်က သွင်းယူပေးခဲ့သည်။ သို့သော်လည်း ၅၈ မိနစ်တွင် ဒီယေဂို ဂေါ့ဒ်ဒင်က အက်သလက်တီကိုအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး၊ ၈၆ မိနစ်တွင် တူရကီတိုက်စစ်မှူး အာဒါ တူရန်က နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ကြောင့် အက်သလက်တီကိုအသင်းမှာ နှစ်ပွဲကစား ၆ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။

ရုရှားတွင်းကစားခဲ့သည့် ဇင်းနစ်အသင်းအသင်းနှင့် သြစတြီးယားဗီယင်နာအသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေကျခဲ့ပြီး နှစ်သင်းစလုံးမှာ နှစ်ပွဲကစားပြီး တစ်မှတ်စီသာရရှိခဲ့သည်။
………………………………………..

အုပ်စု H

ဆဲလ်တစ် ၀-၁ ဘာစီလိုနာ
အေဂျက်စ် ၁-၁ အေစီမီလန်

မက်ဆီပါဝင်ကစားနိုင်ခြင်းမရှိသည့် ဘာစီလိုနာအသင်းမှာ ဆဲလ်တစ်အသင်းအား အဝေးကွင်းတွင် ဖာဘရီဂတ်စ်၏ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယမန်နှစ်ချန်ပီယံလိဂ်တွင် ဘာကာအားအနိုင်ကစားခဲ့သည့် ဆဲလ်တစ်အသင်းမှာ ယခုပွဲတွင်လည်း အာစီလိုနာအသင်းအား ဒုက္ခပေးနိုင်ခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံးအပြန်အလှန်ကစားပြီး ဂိုးသွင်းခွင့်အနည်းငယ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ဒုတိယပိုင်းတွင် ဆဲလ်တစ်အသင်းက ပိုမိုဖိကစားနိုင်ခဲ့သော်လည်း ၅၉ မိနစ်တွင် ဆဲလ်တစ် ကွင်းလယ်လူ ဘရောင်းမှာ ဘာကာတိုက်စစ်မှူးနေးမာအား ခြေဖြင့်ကန်ခဲ့သောကြောင့် တိုက်ရိုက်အနီကဒ်ဖြင့်ထွက်ခဲ့ရသည်။ တစ်ယောက်အသာရပြီးနောက်ပိုင်း ဘာကာကပွဲကို စိုးမိုးနိုင်ခဲ့ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို ၇၆ မိနစ်တွင် ဖာဘရီဂတ်စ်က သွင်းယူပေးခဲ့သည်။

ဟော်လန်တွင်ကစားခဲ့သည့် အေဂျက်စ်နှင့် အေစီမီလန်တို့ပွဲစဉ်တွင် အေစီမီလန်အသင်းမှာ ကံကောင်းစွာဖြင့် သရေတစ်မှတ်ကို ရယူနိုင်ခဲ့သည်။ အေဂျက်စ်အသင်းမှာ ချန်ပီယံလိဂ်နောက်ဆုံး သုံးပွဲဆက်တိုက်ရှုံးနိမ့်ထားသော်လည်း ယခုပွဲတွင် အေစီမီလန်အသင်းအား ဖိကစားနိုင်ခဲ့ကာ ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ မိနစ် ၉၀ တွင်မှ ဦးဆောင်ဂိုးရရှိခဲ့ပြီး စတီဖာနို ဒန့်စ်ဝီလ်က သွင်းယူပေးခဲ့သည်။ ချက်ချင်းဆိုသလိုပင် နာကျင်အချိန်ပိုတွင် အေစီမီလန်က ပင်နယ်တီရရှိခဲ့ပြီး ဘာလော့တယ်လီက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သောကြောင့် အိမ်ရှင်အသင်း အဖိုးတန် ၂ မှတ်ဆုံးရှုံးခဲ့ရသည်။
_________________________

Leave a Reply