အောက်တိုဘာ၊ ၎
M-Media
ကမ္ဘာကျော် Mr.Bean ဟာသသရုပ်ဆောင်ဖြစ်သူ ရိုဝမ် အဒ်ကင်ဆင် (Rowan Atkinson) သည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းလိုက်ပြီဟု ဆိုရှယ်မီဒီယာများတွင် ဖော်ပြလျက်ရှိကြသည်။
သူ၏ မယုံကြည်နိုင်စရာကူးပြောင်းမှုကို အောက်တိုဘာ ၁ ရက်တွင် အာရပ်ဘာသာစကား ၀က်ဆိုဒ် sadapladi.com ပေါ်မှ စတင်တွေ့ကြရပြီး၊ အစ္စရေးတို့၏ israellycool မှလည်း ထပ်ပြန်တလဲ တင်ပြခဲ့၏။
ထိုမှတဆင့် အာရပ်ကမ္ဘာ တစ်ခုလုံးအပြင် အရှေ့တောင်အာရှရှိ ၀က်ဘ်ဆိုဒ်စာမျက်နှာများတွင်လည်း ပြန့်နှံ့သွားသည်။ အသက် ၅၈ နှစ်အရွယ် Mr.Bean သရုပ်ဆောင်၏ ညာဖက်လက်ညှိုးထောင်မတ်ထားသည့်ပုံမှာ အစ္စလာမ့်သက်သေခံချက်အား ကိုယ်စားပြုလက်ခံသကဲ့သို့ဖြစ်နေသည်ဟု မွတ်စ်လင်မ်အသိုင်းအ၀ိုင်းတို့မှပြောကြားကြောင်း Islampos.com မှဆိုသည်။
ဤသတင်းနှင့်စပ်လျဉ်း၌ ဗြိတိန်မီဒီယာများမှတင်ပြမှု မရှိသေးသလို Mr.Bean ကိုယ်၌ကလည်း မည်သည့်ထုတ်ဖော်ပြောကြားမှုမျှ မရှိသေးကြောင်း သိရသည်။
Ref: http://www.thestar.com.my/
Leave a Reply
You must be logged in to post a comment.