6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၉၊ ၂၀၁၃
M-Media

ရီးယဲလ်ကို ဂျူဗစ်တပ်စ်က အနည်းဆုံးတစ်ကြိမ်တော့ အနိုင်ကစားနိုင်မှာဟု ပေါ့ဂ်ဘာပြော


ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ပေါ့ဂ်ဘာက ချန်ပီယံလိဂ်တွင် ရီးယဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ရမည်ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေမည်ဟုတ်ဘဲ ဂျူဗင်တပ်စ် အသင်းမှာ အနည်းဆုံးတစ်ကြိမ်တော့ အနိုင်ရရှိမည်ဟု ပြောဆိုလိုက်သည်။

ဂျူဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်တွင် ကိုပင်ဟေဂင်၊ ဂါလာတာစာရေး၊ ရီးယဲလ်မက်ဒရစ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ကိုပင်ဟေဂင်၊ ဂါလာတာစာရေးတို့နှင့်ကစားပြီးချိန်တွင် ၂-မှတ်သာ ရရှိထားသောကြောင့် ရှုံးထွက်အဆင့်သို့တက်ရောက်ရန်အတွက် ကျန်ရှိသည့် လေးပွဲတွင် အမှားခံ၍ မရတော့ပေ။

လာမည့် ၂၃-ရက်နေ့တွင် ရီးယဲလ်အသင်းနှင့် ဘာနေဗျူးတွင် သွားရောက်ကစားရမည်ကို ကြောက်ရွံ့နေခြင်းမရှိဘဲ ရလဒ်ကောင်းများ ရလိမ့်မည်ဟု မျှော်လင့်နေသည့် ပေါ့ဂ်ဘာက “ကြောက်စရာကိုမလိုပါဘူး။ ရီးယဲလ်နဲ့ကစားရမယ့်နှစ်ပွဲမှာ အနည်းဆုံး တစ်ပွဲတော့နိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့ရှေ့ဆက်တက်လှမ်းမှာပါ။ ကျွန်တော်တို့ဟာ ဂျူဗင်တပ်စ်အသင်းဖြစ်တယ်ဆိုတာကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ သမိုင်းကြောင်းအရ၊ ဂုဏ်သိက္ခာအရ အရည်အသွေးအရ ကျွန်တော်တို့ဟာ အဆင့်အတန်းနိမ့်တဲ့ အသင်းမဟုတ်ပါဘူး” ဟု အီတလီ အားကစားသတင်းစာ Gazzetta dello Sport သို့ ပြောကြားခဲ့သည်။
goal
______________________


အာဆင်နယ်၏ နည်းပြရာထူးအား ဘားကမ့်စိတ်ဝင်စား


၂၀၀၆-ခုနှစ် အာဆင်နယ်အသင်းက အနားယူခဲ့စဉ်က ဘောလုံးကင်းထောက်အဖြစ် တာဝန်ပေးခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ယခု အေဂျက်စ်အသင်း၏ လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေသည့် ဘားကမ့်က လန်ဒန်သို့ ပြန်လာရန် စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းတွင် နည်းပြလုပ်ချင်သည်ဟု ထုတ်ဖော်ပြောဆို လိုက်သည်။

ဟော်လန်အသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သူ ဘားကမ့်မှာ အာဆင်နယ်အသင်းတွင် ၁၁-နှစ်တိုင်တိုင် ကစားခဲ့သူဖြစ်ပြီး အောင်မြင်သော ကစားသမားဘ၀ကို ပိုင်ဆိုင်ခဲ့ကာ ၂၀၀၆-ခုနှစ်တွင် ကစားသမားဘ၀မှ အနားယူခဲ့သည်။ ထိုစဉ်က အသင်း၏ဘောလုံးကင်းထောက်လုပ်ရန် အာဆင်နယ်အသင်းမှ ကမ်းလှမ်းခဲ့ သော်လည်း ဘားကမ့်က ငြင်းပယ်ခဲ့သည်။ ဟော်လန်ကလပ်အေဂျက်စ်အသင်းနည်းပြ ဖရန့်ဒီဘိုအာ၏ လက်ထောက်အဖြစ် ၂-နှစ်ထမ်းဆောင်ပြီးနောက် ယခုကဲ့သို့ အာဆင်နယ်အသင်းသို့ပြန်လာရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘာစီလိုနာအတွက် ဂျိုဟန်ခရိုက်ဖ်ခံစားရတဲ့ ဖီလင်မျိုးကို ကျွန်တော်လည်း အာဆင်နယ်အတွက် ခံစားနေရပါပြီ။ အာဆင်နယ်မှာကစားတုန်းကဆိုရင် ကျွန်တော်သိပ်ပျော်ပါတယ်။ အဲဒီမှာတုန်းက ဆိုးဝါးတဲ့နေ့ရက်ဆိုတာ မရှိခဲ့ပါဘူး။ အဲဒီခံစားမှုတွေဟာ ကျွန်တော့်ရင်ထဲမှာ အမြဲရှိနေပါတယ်။ အဆင့်တစ်ခုမှာ အာဆင်နယ်ကို ပြန်လာဖို့ဆိုတာ ကျွန်တော့်ရဲ့ရည်မှန်းချက်ပါ” ဟု အသက် ၄၄ နှစ်အရွယ်ရှိ ဘားကမ့်က အင်္ဂလန်သတင်းစာ The Telegraph သို့ပြောကြားခဲ့သည်။
goal
______________________

ပွဲများများကစားခွင့်ရရန် မန်ယူမှ ထွက်ခွာတော့မည်ဟု ဖာနန်ဒက်ဇ် အရိပ်အမြွက်ပြော


မန်ချက်စတာယူနိုက်တက် နည်းပြသစ် မိုယက်စ်လက်ထက်တွင် နှစ်ပွဲသာပါဝင်ကစားခွင့်ရထားပြီး ၁ ဂိုးသွင်းယူပေးထားသည့် တိုက်စစ်မှူး ဂျာဗီယာဟာနန်ဒက်ဇ်က ၎င်းအနေဖြင့် မည်မျှစွမ်းဆောင်နိုင်သည်ကို ပြသရန် အခွင့်အလမ်းအား ရှာဖွေတော့မည်ဟု ပြောကြားလိုက်သည်။

ဟာနက်ဒက်ဇ်က ၎င်းကစားချင်သည့်အတိုင်း ပုံမှန်ပွဲထွက်ခွင့်ရန်အတွက် မန်ယူအသင်းအား စွန့်ခွာတော့မည်ဖြစ်ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ နည်းပြသစ်မိုယက်စ်ကိုင်တွယ်ပြီးနောက်ပိုင်း ကစားခဲ့သည့် ၁၁-ပွဲတွင် ဟာနန်ဒက်ဇ်မှာ ၂-ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပြီး ဖာဂူဆန်လက်အောက်တွင် ကစားခဲ့သည့် ၃-နှစ်တာကာလတွင်လည်း အဓိကကစားသမားများ၏ နေရာတွင် အဖြည့်ခံအဖြစ်သာ ၀င်ရောက်ကစားရခြင်းဖြစ်သည်။

မက္ကဆီကိုလက်ရွေးစင်ဖြစ်သူ ဟာနန်ဒက်ဇ်မှာ မန်ယူတွင်ကစားရခြင်းကို ပျော်ရွှင်သည်ဟု ပြောဆိုခဲ့သော်လည်း အခြားအသင်းသို့ပြောင်းရွှေ့ပါက ပုံမှန်ပွဲထွက်ကစားခွင့်ရချင်သည့် ၎င်း၏ရည်ရွယ်ချက်မှာ အောင်မြင်နိုင်ဖွယ်ရှိသည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက လာလီဂါကလပ် အက်သလက်တီကိုအသင်းမှ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံခဲ့ရသည့် ဟာနန်ဒက်ဇ်မှာ ပုံမှန်ကစားခွင့်မရခြင်းကြောင့် သူ၏အနာဂတ်တန်ဖိုး လျော့ကျသွားမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။
mirror
______________________

မိသားစုက မိမိအား ရင့်ကျက်စေခဲ့သည်ဟု ဆွာရက်ဇ်ဆို


ဆိုးရွားသည့်အပြုအမူများကြောင့် ဝေဖန်မှုများခံနေရသည့် လီဗာပူးလ်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ၎င်း၏ မိသားစုမှာ ၎င်းအားတည်ငြိမ်ရင့်ကျက်စေခဲ့သည်ဟု ပြောကြားလိုက်သည်။ ပြိုင်ဘက်ကစားသမားတစ်ဦးအား ကိုက်ခဲ့သောကြောင့် ၁၀-ပွဲပယ် ပြစ်ဒဏ် ခံခဲ့ရပြီး ပြစ်ဒဏ်မှစေ့ပြီးနောက် ဆွာရက်ဇ်က ၎င်း၏အပြုအမူအား ပြောင်းလဲတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် သူ၏ကလေးနှစ်ယောက်က သူ၏အပြုအမူအား ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ပြီးခဲ့သည့် စနေနေ့ ခရစ္စတယ်ပဲလေ့စ်အသင်းအား အနိုင်ရရှိခဲ့သောပွဲတွင် သူ၏ ကလေးနှစ်ဦးဖြစ်သော မွေးကင်းစ သားငယ်လေး ဘင်ဂျမင်နှင့် အသက် ၃ နှစ်အရွယ် သမီးငယ် ဒယ်လ်ဖီနာတို့အား ပွဲမစမီ လက်ဆွဲနှုတ်ဆက်စဉ် အတွင်း ကွင်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ကလေးငယ်နှစ်ဦးကွင်းအတွင်းသို့ ခေါ်လာခဲ့ခြင်းနှင့်ပက်သက်ပြီး ဆွာရက်ဇ်က “အင်္ဂလန်မှာ ဒါဟာ ပုံမှန်တော့ မဟုတ်ပါဘူး။ ကလပ်ကလူတွေက ခေါ်သွားလို့ မရဘူးလို့ပြောပါတယ်။ ဒါပေမယ့် ‘ကျွန်တော့်ကလေးတွေက ကျွန်တော်နဲ့သွားမှာ ရမလား မရဘူးလားလို့ပြော’ ဆိုပြီးသူတို့ကို ပြောခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့နားလည် သွားကြပါတယ်။ ကျွန်တော့်အတွက်တော့ ကြည်နူးစရာ အချိန်လေးပါပဲ။ ကျွန်တော့်မိသားစုဟာ ကျွန်တော့်အတွက် သိပ်ကို အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။
mirror
______________________

Shanghai Masters တင်းနစ်ပြိုင်ပွဲတွင် ရစ်ချတ် ဂတ်စ်ကက်မှာ ပထမအဆင့်မှ ထွက်ခဲ့ရ


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲပထမအဆင့်တွင် ပြင်သစ်တင်းနစ်သမား ရစ်ချတ် ဂတ်စ်ကက်မှာ ပထမအဆင့်ကပင် ထွက်ခဲ့ရပြီး လန်ဒန်တွင် ကျင်းပပြုလုပ်မည့် ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား လွဲချော်ခဲ့ပြီဖြစ်သည်။

နိုင်ခြေအဆင့် ၉ ရ ဂတ်စ်ကက်မှာ ကနေဒါတွင်ကျင်းပပြုလုပ်ခဲ့သည့် Montreal Masters တင်းနစ်ပြိုင်ပွဲတွင် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် ကနေဒါ တင်းနစ်သမား ဗာဆက် ပို့စ်ပီစီလ်အား ၆-၃၊ ၆-၄ ဖြင့် ၂-ပွဲပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယခုပွဲအရှုံးကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီး ကမ္ဘာအဆင့် ၉ တွင်ရှိနေသောကြာင့် ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်း ၀င်သည့် ကစားသမားများသာ ယှဉ်ပြိုင်ရသည့် တင်းနစ်ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား လွဲချော်ရတော့မည်ဖြစ်သည်။

ကမ္ဘာ့အဆင့် ၁ မှ ၁၀ အတွင်းဝင်သည့် ကစားသမားများအား ဒုတိယအကြိမ်မြောက်အနိုင်ရရှိခဲ့သည့် ပို့စ်ပီစီလ်က “ကျွန်တော့်အတွက် ကြီးမားတဲ့အောင်ပွဲတစ်ခုပါ။ နိုင်ရတဲ့အကြောင်းအရင်းကတော့ ပြိုင်ပွဲတစ်ခုလုံး စိတ်ဓာတ်ပြင်းပြင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်” ဟု atpworldtour.com သို့ပြောကြားခဲ့သည်။
skysports
______________________

Leave a Reply