6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၀၊ ၂၀၁၃
M-Media

ရှေ့တန်းမှာပဲ ကစားဖို့ ထိုက်တန်တယ်လို့ ခံစားရတဲ့ ၀ိန်းရူနီ


မန်ချက်စတာယူနိုက်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ၀ိန်းရူနီက ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းမှထွက်ခွာချင်ခဲ့သော်လည်း ယခုအချိန်တွင် ထိုပြဿနာ အား ဖြေရှင်းပြီးဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ဖာဂူဆန်လက်ထက်က ကွင်းလယ်တွင်ကစားခိုင်းခဲ့သောကြောင့် စိတ်ပျက်ကာ အသင်းမှထွက်ခွာရန် စဉ်းစားခဲ့ဖူးကြောင်းပြောကြားခဲ့ပြီး အသင်းရှိ ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းမရှိချေ။

ရူနီအား ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်နှင့် ချယ်ဆီးအသင်းတို့မှ ခေါ်ယူရန်စိတ်ဝင်စားခဲ့သော်လည်း မန်ယူအသင်းမှ ရောင်းချရန် ငြင်းဆိုခဲ့သည်။

ယခုနှစ် ရာသီအစတွင် အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ပြီး ၈-ပွဲကစားကာ ၅-ဂိုးသွင်းယူ ပေးထားသည့် ရူနီက “ကျွန်တော် ဘယ်နေရာမှာ ကစားချင်သလဲဆိုတာ အသင်းမှာရှိတဲ့လူတိုင်းသိကြပါတယ်။ (ပြီးခဲ့တဲ့နှစ်က) ကျွန်တော်မကစားချင်တဲ့ အလယ်တန်းမှာကစားဖို့ တာဝန်ပေးခံခဲ့ရတာပါ။ ကစားနေကျ နေရာမဟုတ်ပေမယ့် ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ကစားနေကျ ရှေ့တန်းမှာပဲ ကစားဖို့ထိုက်တန်တယ်လို့ ကျွန်တော်ခံစားရပါတယ် ” ဟု သတင်းထောက် များကို ပြောကြားခဲ့သည်။
goal
________________________
အာဆင်နယ်သို့ပြန်လာနိုင်သည်ဟု ဆောင်းဆို


လာလီဂါထိပ်သီး ဘာစီလိုနာအသင်း၏ ကွင်းလယ်လူ အဲလက်စ်ဆောင်းက အသင်းဟောင်းအာဆင်နယ်အား စွဲလမ်းမှုများရှိနေသည်ဟု ၀န်ခံပြောဆိုလိုက်ပြီး ပရီးမီးယားလိဂ်သို့ပြန်လည်သွားရောက်မည်ဟု သတင်းထွက်ပေါ်နေမှုများအား ငြင်းဆိုခြင်းမပြုခဲ့ပေ။

အသက် ၂၆ နှစ်အရွယ်ရှိ ဆောင်းမှာ ဘာစီလိုနာအသင်းသို့ ပြီးခဲ့သည့်ရာသီက ယူရို ၁၇ သန်းဖြင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ပွဲထွက်ကစားသမားဖြစ်ရန် ရုန်းကန် နေရကာ ယခင်က ၆ နှစ်ကြာကစားခဲ့သည့် အာဆင်နယ်အသင်းသို့ ပြန်လာရန် စိတ်ဝင်စားမှု ရှိနေသည်ဟု ၀န်ခံခဲ့သည်။

“အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့် အဲဒီ(အာဆင်နယ်)မှာ ရင်ခုန်စရာကောင်းတဲ့အချိန်တစ်ချို့ကို ဖြတ်သန်းခဲ့ရ တယ်ဆိုတာကတော့ အမှန်ပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ အခုအချိန်မှာတော့ ကျွန်တော်ဟာ ဘာစီလိုနာ ကစားသမားတစ်ယောက်ပါ” ဟု RMC သတင်းဌာနသို့ အဲလက်စ်ဆောင်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က လာလီဂါချန်ပီယံဖြစ်ခဲ့သည့် ဘာစီလိုနာအသင်းတွင် အဲလက်စ်ဆောင်းမှာ ၁၇ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။
goal
________________________


အသင်းပရိတ်သတ်များကို ဘင်နီတက်ဇ်ချီးကျူး


နာပိုလီအသင်း၏ နည်းပြဖြစ်သူ ဘင်နီတက်ဇ်က အသင်း၏ရာသီအစ ပုံစံကောင်းများရရှိနေခြင်း၏ နောက်ကွယ်တွင် အသင်းပရိတ်သတ်များ၏ အားပေးမှုသည်လည်း အဓိက အခန်းကဏ္ဍက ပါဝင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နာပိုလီအသင်း၏ စီးရီးအေနှင့် ချန်ပီယံလိဂ်တွင်ရရှိနေသည့် လက်ရှိ ပုံစံကောင်းများအတွက် နာပိုလီပရိတ်သတ်များမှာ အပြုသဘောဆောင် သည့်စွမ်းအားများဖြစ်သည်ဟုပြောဆိုခဲ့သည့် ဘင်နီတက်ဇ်က “ပရိတ်သတ်များရဲ့ အသင်းကိုချစ်တဲ့စိတ်ပြင်းပြမှုဟာ ကျွန်တော်တို့အတွက် စွမ်းအားကောင်းတွေကိုဖြစ်စေပါတယ်။ စိန်ခေါ်မှုတွေရှိနေတဲ့ ရာသီမှာ သူတို့ရဲ့အားပေးမှုဟာ သိပ်ကိုတန်ဖိုးရှိပါတယ်။ သွားရမယ့်ခရီးကရှည်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ အမြင်ဆုံးကိုလုပ်ဆောင်ပြနေတဲ့ ပြည့်စုံတဲ့ လူစာရင်းရှိပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကြိုစားနေပြီး အသင်းကလည်း တိုးတက်နေပါတယ်” ဟု ပြောကြားခဲ့ကြောင်း နာပိုလီအသင်း၏ ၀ဘ်ဆိုဒ်တွင် လွှင့်တင်ထားသည်။

နာပိုလီအသင်းမှာ စီးရီးအေတွင် ရိုမားအသင်း၏အောက် ဒုတိယနေရာတွင်ရှိနေပြီး ချန်ပီယံလိဂ်တွင်လည်း ၂ ပွဲကစား ၃ မှတ်ရရှိထားသည်။
goal
________________________
လီဗာပူးလ်အသင်းမှာ ထိပ်ဆုံးလေးသင်းဝင်နိုင်သည်ဟု တိုးယေးဆို


လီဗာပူးလ်အသင်း၏ အိုင်ဗရီကို့စ်နောက်ခံလူ ကိုလိုတိုးယေးက အသင်းမှာ လာမည့်နှစ်ချန်ပီယံလိဂ်တွင်ဝင်ခွင့်နေရာအား သေချာပေါက်ရလိမ့်မည်ဟု ထင်မြင်နေပြီး၊ ၎င်း၏ လက်ရှိပုံစံမှာ နိုင်ငံအသင်းအတွက် ပြန်လည်ကစားရန် အဆင်သင့်ဖြစ်နေပြီဟု ပြောဆိုလိုက်သည်။

ယခုနှစ်ပရီးမီယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ရန် လီဗာပူးလ်တွင် လုံလောက်သော စွမ်းအားများရှိနေသည်ဟု တိုးယေးကယုံကြည်နေသည်။ လီဗာပူးလ်အသင်းမှာ ယခုနှစ်တွင် ပုံစံကောင်းများရရှိနေပြီး ထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် ရမှတ်တူဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

“ချန်ပီယံလိဂ်တစ်နေရာရဖို့ အသင်းမှာလုံလောက်တဲ့လူအင်အား ရှိနေတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေအများကြီးရှိပြီး စိတ်ဓာတ်တွေကလည်း အမြင့်ဆုံးအနေအထားမှာရှိပါတယ်” ဟု တိုးယေးက အသင်း၏ ၀ဘ်ဆိုဒ်တွင်ပြောာကြားခဲ့သည်။

ယခုနှစ်ရာသီ ပရီးမီးယားလိဂ်အခြေအနေနှင့် အသင်းအနေဖြင့်မည်ကဲ့သို့ စွမ်းဆောင်ရမည်ဆိုသည်နှင့်ပက်သက်ပြီး တိုးယေးက “ပွဲတိုင်းမှာ ကျွန်တော်တို့ဟာ အကောင်းဆုံးပုံစံကို ထိန်းသိမ်းသွားဖို့လိုအပ်ပါတယ်။ ပြီတော့ ကျွန်တော်တို့ရဲ့ အသင်းဖော်တွေနဲ့ ပရိတ်သတ်တွေကို ရာနှုန်းပြည့် စိတ်ကျေနပ်မှုတွေပေးရပါမယ်။ ကျွန်တော်တို့ အခုထိပ်ဆုံးရောက်နေပြီး အဲဒီနေရာမှာ ဆက်ရှိနေဖို့အရေးကြီးပါတယ်။ အခုရာသီကတော့မာရသွန်လိုပါပဲ။ ကျွန်တော်တို့မှာ အတက်အကျတွေရှိပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
goal
________________________
ကျောဒဏ်ရာကြောင့် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား မာရေးလွဲချော်မည်


လန်ဒန်တွင် ကျင်းပမည့် ယခုနှစ်တင်းနစ်ရာသီပိတ် ATP World Tour Finals တင်းနစ်ပြိုင်ပွဲအား ဗြိတိန်နာမည်ကြီး တင်းနစ်သမား အန်ဒီမာရေးမှာ ဒဏ်ရာကြောင့် လွဲချော်တော့မည်ဟု သိရသည်။

ကမ္ဘာ့ဆင့်-၃ ရှိ မာရေးမှာ ပြီးခဲ့သည့်လက ၎င်း၏ နောက်ကျောဒဏ်ရာအား ခွဲစိတ်ခဲ့ပြီး ATP World Tour Finals ပြိုင်ပွဲအား ၀င်ရောက်စားနိုင်မည်ဟု မျှော်လင့်ခဲ့ သော်လည်း ဆရာဝန်၏ အကြံပေးချက်အရ ၀င်ပြိုင်နိုင်တော့မည်မဟုတ်ဘဲ လာမည့်နှစ်ဇန်န၀ါရီတွင်ကျင်းပမည့် သြစတေးလျအိုးပင်းပြိုင်ပွဲ အတွက် ကြံ့ခိုင်မှု အပြည့် အ၀ရရန် အာရုံစိုက်ရတော့မည်ဖြစ်သည်။

“လန်ဒန်မှာ မကစားနိုင်တဲ့အတွက် ကျွန်တော် တကယ့်ကို စိတ်ပျက်ပါတယ်။ ကျွန်တော့်နိုင်ငံက ကျွန်တော့်ပရိတ်သတ်တွေရှေ့မှာ ကစားရတာကို ကျွန်တော်နှစ်သက် ပါတယ်။ တင်းနစ်ကစားသမားအားလုံးဟာ လန်ဒန်မှာယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါပြီ။ ကျွန်တော်ကတော့ နောက်နှစ်ပြိုင်ပွဲကို ၀င်ရောက်နိုင်ဖို့သာ လုပ်ဆောင်ရတော့ မှာပါ” ဟု မာရေးက ပြောကြားခဲ့သည်။
skysport
________________________

Leave a Reply