6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၁၊ ၂၀၁၃
M-Media
ဖီဖာ၏ Goal Line နည်းပညာတပ်ဆင်ခွင့်အား ဂျာမနီကုမ္ပဏီရရှိ


ဖီဖာက ကျင်းပပြုလုပ်မည့် အကြီးဆုံးဘောလုံးပြိုင်ပွဲနှစ်ခုအတွက် ဘောလုံးဂိုးစည်း ကျော်၊ မကျော် ဆုံးဖြတ်ပေးနိုင်သည့် Goal Line နည်းပညာ တပ်ဆင်ဆင်မှုကို ဂျာမနီရှိ ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်ခွင့် ရရှိသွားပြီဟု သိရသည်။ ဂျာမနီအခြေစိုက် GoalControl ကုမ္ပဏီအား မော်ရိုကိုတွင်ကျင်းပမည့် ၂၀၁၃ ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ဘရာဇီးတွင်ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် Goal Line နည်းပညာ တပ်ဆင်ပေးရန် အတွက်ရွေးချယ်ခဲ့ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ယမန်နေ့တွင် ကြေညာခဲ့သည်။

ထိုနည်းပညာအား ပြီးခဲ့သည့် နွေရာသီတွင်ကျင်းပခဲ့သည့် ကွန်ဖက်ဒရေးဖလားဘောလုံးပြိုင်ပွဲတွင် စမ်းသပ်အသုံးပြုခဲ့ပြီး GoalControl မှပင် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

“(ဂိုး ၀င် မ၀င်ဆုံးဖြတ်ပေးသည့်) Goal Line technology(GLT) ကို ဘရားဇီးမှာကျင်းပတဲ့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပွဲမှာ အောင်မြင်စွာ စမ်းသပ် အသုံးပြုနိုင်ပြီးခဲ့တဲ့နောက် ဖီဖာက GoalControl GmbH ကုမ္ပဏီကို ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပွဲမှာ တပ်ဆင်ဖို့ အတည်ပြုရွေး ချယ်ခဲ့တာပါ။ ပြီးတော့ ဒီနှစ် ဒီဇင်ဘာမှာ မော်ရိုကိုမှာပြုလုပ်မယ့် ကလပ်အသင်းများ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာလည်း GoalControl GmbH ကသာ GLT နည်းပညာကို တပ်ဆင် ပေးသွားမှာပါ” ဟု အဆိုပါကုမ္ပဏီ၏ ၀ဘ်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။

ဘောလုံး ဂိုးစည်း ကျော် မကျော်ကို တိကျစွာ တိုင်းတာနိုင်ရန်အတွက် GoalControl ကုမ္ပဏီမှ မြန်နှုန်းမြင့် ကင်မရာများဖြင့် လေးဘက်မြင် 4D စနစ်ကို အသုံးပြု သွားမည်ဟု သိရသည်။
goal
________________________

ရီဘာရီမှာ ကမ္ဘာကောင်းဆုံး ဘောလုံးသမားဆုနှင့် ထိုက်တန်သည်ဟု ဇီဒိန်းပြော


ရီယဲလ်မက်ဒရစ်အသင်း၏ ဂန္တ၀င်ကစားသမားဇီဒိန်းက မကြာမီ ချီးမြှင့်တော့မည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or နှင့် ရီဘာရီမှာ ထိုက်တန်သည် ဟု ပြောဆိုလိုက်သည်။ ရီဘာရီမှာ ထိုဆုအတွက် ဘာကာ တိုက်စစ်မှူးမက်ဆီ၊ ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုတို့နှင့် ယှဉ်ပြိုင်နေရပြီး ၁၉၉၈ ခုနှစ်တွင် ထိုဆုအား ရရှိခဲ့ဖူးသည့် ဇီဒိန်းက တစ်နိုင်ငံတည်းသား ရီဘာရီအား ထောက်ခံခြင်းဖြစ်သည်။

ရီဘာရီမှာ ပြီးခဲ့သည့်ရာသီ ဘွန်ဒစ်လီဂါဖလား၊ ဂျာမနီရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ် ဖလားသုံးလုံးအား ဆွတ်ခူးရရှိခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းတွင် အရေးပါသော ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသင်းအတွက် ၁၁ ဂိုးသွင်းယူပေးခဲ့ကာ ဂိုး ရရှိရန် ၁၉ ကြိမ် ဖန်တီးပေးခဲ့သည်။

“(ရီဘာရီနှင့် ရော်နယ်ဒို) နှစ်ဦးစလုံးဟာ ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရွေးရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ဖလားသုံးလုံးရခဲ့ပြီး အခုနှစ်မှာလည်း ခြေစွမ်းပြ နေတဲ့ ရီဘာရီကိုရွေးမှာပါ” ဟု ပြင်သစ် ရေဒီယို RMC သို့ ပြောကြားခဲ့သည်။

Ballon d’Or ဆုမှာ ဖီဖာမှချီးမြှင့်သည့် အကောင်းဆုံးဘောသမားဆုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ဘောလုံးသမားများ၊ နည်းပြများနှင့် ဂျာလစ်များက မဲပေးရွေးချယ်ရခြင်းဖြစ်သည်။
goal
________________________
လော်ရန်တေးအား ဇန်န၀ါရီတွင် ခေါ်ယူရန် ၀င်းဂါးစိတ်ဝင်စား


အာဆင်နယ်အသင်း၏ နည်းပြ အာဆင်ဝင်းဂါးအနေဖြင့် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူရန် ရှိနေပြီး ဂျူဗင်တပ်စ် အသင်း၏ တိုက်စစ်မှူး လော်ရန်တေးအား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု သိရသည်။

တိုက်စစ်မှူး စစ်စစ်အဖြစ် ဂျီရော့ တစ်ဦးတည်းသာ ကြံ့ခိုင်မှုပြည့်ဝစွာရှိနေသည့် အာဆင်နယ် အရှေ့တန်းအား ပိုမိုတောင့်တင်းအောင်ပြုလုပ်ရန် ၀င်းဂါးက ဆန္ဒ ရှိနေသည်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် လော်ရန်တေးမှာ စပိန်ကလပ်ဘီလ်ဘာအိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့က ရောက်ရှိ လာသူဖြစ်ပြီး၊ စရောက်စဉ်ကတည်းက ပွဲထွက်ကစားခွင့်မရခဲ့ဘဲ၊ အရန်ခုံတွင်သာ အချိန်ကုန်ခဲ့ရသည်။ တီဗက်ဇ်၏ နောက် အရန်အဖြစ်သားကစားနေရသောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းတွင် ပါဝင်ခွင့်ရရန် အခွင့်အလမ်းနည်းနေသည့် လော်ရန်တေးအား အာဆင်နယ်အသင်းက စောင့်ကြည့်လျက်ရှိသည်။
mirror
________________________

 

Shanghai Masters တင်းနစ်ပြိုင်ပွဲမှ ဖက်ဒါရား ထွက်ခွာရပြီ


တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Shanghai Masters တင်းနစ်ပြိုင်ပွဲ တတိယအဆင့်တွင် ဆွီဒင်တင်းနစ်အကျော်အမော် ရော်ဂျာ ဖက်ဒါရားမှာ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။

ဖက်ဒါရာမှာ ပြင်သစ်တင်းနစ်သမား မွန်ဖီလ်စ်အား ၆-၄၊ ၆-၇(၅-၇)၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဖက်ဒါရာမှာ မွန်ဖီလ်စ်နှင့် ယခုပွဲအပါဝင် ၇ ကြိမ်တွေ့ဆုံခဲ့ပြီး ခြောက်ကြိမ်တိတိအနိုင်ရခဲ့ကာ ယခုပွဲတွင်မှ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

မွန်ဖီလ်စ်မှာ ယခုပွဲအနိုင်ကြောင့် ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့ပြီး အီတလီတင်းနစ်အကျော်အမော် ဖော့ဂ်နီနီအား အနိုင်ရရှိခဲ့သည့် လက်ရှိချန်ပီယံ နိုဗက်ဂျိုကိုဗစ်နှင့် ကွာတားတွင် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
skysports
________________________

အိန်ဂျလီက် ကာရ်ဘာရ်နှင့် ဆိုလိန်းစတီဖင်တို့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည့် Linz Open တင်းနစ်ပြိုင်ပွဲ


သြစတြီးယားနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် WTA Linz Open တင်နစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ နာမည်ကြီး တင်းနစ်မယ်များဖြစ်ကြသည့် အိန်ဂျလီက် ကာရ်ဘာရ်နှင့် ဆိုလိန်းစတီဖင်တို့ တက်ရောက်သွားကြသည်ဟုသိရသည်။

နိုင်ခြေအဆင့် ၁ ရ ကာရ်ဘာရ်မှာ ရိုမေးနီးယားတင်းနစ်မယ် အလက်ဇန်ဒရာ ကာဒန်တူအား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မိနစ် ၅၀ သာ ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ကာရ်ဘာရ်က သက်တောင့်သက်သာကစားကာ ၆-၁၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။

နိုင်ခြေအဆင့် ၂ ရ အမေရိကန်တင်းနစ်မယ် ဆိုလိန်းစတီဖင်မှာလည်း ဂျာမန် တင်းနစ်မယ် အန်ဒရီယာ ပတ်ကိုဗစ်အား အနိုင်ရရှိခဲ့သည်။ ဆိုလိန်းမှာ ပတ်ကိုဗစ်အား အနိုင်ရရှိရန် အကြိတ်အနယ်ကြိုးစားခဲ့ရပြီး ၂ နာရီ ၃၁ မိနစ်ကြာမြင့်ခဲ့သည့် အဆိုပါပွဲစဉ်တွင် ဆိုလိန်းက ၇-၆(၇-၁)၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကာရ်ဘာရ်မှာ ကွာတားဖိုင်နယ်တွင် အိမ်ရှင်တင်းနစ်မယ် ပက်ထရစ်ရှာ မေအာခ်ျလစ်တနာနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ဆိုလိန်းစတီဖင်မှာ ဆွစ်ဇလန်တင်းနစ်မယ် စတီဖာနီ ဗိုဂီလီနှင့် အသီးသီးတွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။
skysports
________________________

Leave a Reply