အောက်တိုဘာ ၁၁၊ ၂၀၁၃
M-Media
သုတ
ရန်ကုန် ။ ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံမှုကို ယနေ့ နေ့လည် ၁၂-နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ-၃ တွင် ပြုလုပ်ခဲ့သည်။
၎င်း တွေ့ဆုံမှုတွင် လာမည့် ၂၀၁၅-ခု ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရာတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလျှင် ၅-သိန်း ပေးသွင်းရခြင်းအား လျှော့၍ သတ်မှတ်ပေးရန်၊ နိုင်ငံရေး ပါတီကြီးများအနေဖြင့် ၅-သိန်း ပေးနိုင်သော်လည်း ပါတီငယ်များအတွက်မှာမူ ငွေကြေးပမာဏ များသည့်အတွက် လျှော့ချရန် နိုင်ငံရေး ပါတီများမှ ဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသားပါတီများမှလည်း မိမိတို့၏ တိုင်းရင်းသား အရေး ကိစ္စများ ဆွေးနွေးကြကြောင်း၊ ယခင် တိုင်းရင်းသား ၁၄၄-မျိုး ရှိခဲ့ရာမှ ၉-မျိုး ပျောက်ပြယ် သွားရခြင်းအား ပြန်လည် ဖော်ထုတ်ပေးပါရန်နှင့် တိုင်းရင်းသားများ ကိစ္စမှာ ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနကို တဆင့် တင်ပြတောင်းဆိုပေးရန်နှင့် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံရေးပါတီများ ကြုံတွေ့နေရသော အခက်အခဲများကို ကော်မရှင် ဥက္ကဋ္ဌမှလည်း နိုင်ငံရေး ပါတီများနှင့်အတူ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြား ဆွေးနွေးခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံမှုတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိင်ငံရေးပါတီများနှင့် ရန်ကုန်တွင် ပါတီ ရုံးခွဲဖွင့်ထားသော နိုင်ငံရေး ပါတီများ စုစုပေါင်း ၃၇-ပါတီ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
Photo Credit-The Street View

Leave a Reply
You must be logged in to post a comment.