6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁၃
M-Meida
ကိုလေးစုစည်းတင်ဆက်သည်။

ကစားသမားဝယ်ယူရန် ၀င်းဂါးအား ပီရက်ဇ်တိုက်တွန်း

320109_heroa

ဂျာမနီကွင်းလယ်ကစားသမား မီဆုအိုဇေးလ်ရောက်လာပြီးနောက် ပုံစံကောင်းများ ရနေသော်လည်း လာမည့်ဇန်န၀ါရီ အပြောင်း အရွှေ့တွင် ငွေကြေးသုံးစွဲရန် လိုအပ်သည်ဟု ထင်မြင်မိကြောင်း အာဆင်နယ် ကွင်းလယ်လူဟောင်း ရောဘတ်ပီရက်ဇ်ကပြောကြားခဲ့သည်။

အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်တွင် ၇ ပွဲကစား ၁၆ မှတ်ဖြင့် ဇယားထိပ်တွင် ရှိနေပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်တွင်လည်း ၂ ပွဲကစား ၂ ပွဲနိုင်ဖြင့် အုပ်စုအား ဦးဆောင်နေသည်။

“အောင်မြင်တဲ့ကလပ်အသင်းကွေကိုကြည့်လိုက်ရင် သူတို့အသင်းတွေ ဖလားရပြီးတိုင်းမှာ ကစားသမားတွေဝယ်ကြတယ်ဆိုတာ တွေ့ရမှာပါ။ အခုအချိန်မှာ အာဆင်နယ်ဟာ အမြင့်ဆုံးအဆင့်မှာရှိတယ်ဆိုတာ မေးစရာမလိုပါဘူး” ဟု Sunday Mirror သို့ ပီရက်ဇ်က ပြောကြားခဲ့သည်။
…………………………………………..
ဘာလော့တယ်လီမှာ အီတလီအသင်းအတွက် မရှိမဖြစ်မဟုတ်ဟု ချီလီနီဆို

တိုက်စစ်မှူးဘာလော့တယ်လီမှာ အီတလီအသင်းအတွက် မရှိမဖြစ်မဟုတ်ဟု အီတလီနောက်ခံလူ ဂျီယော်ဂျီအို ချီလီနီမှ သောကြာနေ့က ကစားခဲ့သည့် ဒိန်းမတ်အသင်းအား ၂ ဂိုး စီသရေကျခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဘာလော့တယ်လီမှာ ကျန်းမာရေးမကောင်းသောကြောင့် ထိုပွဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ချီလီနီက ဘာလော့တယ်လီမပါသောကြောင့် အီတလီအသင်း အနိုင်မရခဲ့ ဟူသော အဆိုအား ငြင်းပယ်ခဲ့သည်။

“(အီတလီအသင်းမှာ) ဘယ်ကစားသမားမှ မရှိမဖြစ် မဟုတ်ပါဘူး။ အခုအချိန်ရော နောက်အမြဲတမ်း အီတလီအသင်းဟာ ဘာလော့တယ်လီ အတွက်ဖြစ်မှာပါ။ ဒါပေမယ့် သူမပါဘဲ ကစားလည်းဖြစ်ပါတယ်။ မာရီယိုဟာ ကံမကောင်းခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အသင်းလေ့ကျင့်ခန်းအစီစဉ်မှာ သူဟာ ဒဏ်ရာရခဲ့တယ်။ ပြီးတော့ သူဟာ ဖျားနာခဲ့ပါတယ်” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြာခဲ့သည်။
…………………………………………..
နည်းပြဖြစ်သူနှင့် ဖက်ဒါရာလမ်းခွဲ

ကမ္ဘာ့အဆင့် ၇ ရှိ ဆွဇ်တင်းနစ်အကျော်အမော် ရော်ဂျာ ဖက်ဒါရာမှာ နည်းပြဖြစ်သူနှင့် လမ်းခွဲကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်မှာ Shanghai Masters တင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း နှစ်ရက်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဖက်ဒါရာက သုံးနှစ်ကျော်ကြာလက်တွဲခဲ့သည့် နည်းပြဖြစ်သူ ပေါလ် အန်နာကုန်းနှင့် လက်တွဲဖြုတ်ခဲ့ပြီဖြစ်ကြောင်း သူ၏ ၀ဘ်ဆိုဒ်တွင် ရေးသားဖော်ပြခဲ့သည်။ အန်နာကုန်းမှာ အနားယူသွားပြီဖြစ်သည့် ယခင်ကမ္ဘာ့နံပါတ် ၁ အမေရိကန် တင်းနစ်သမား ပီတ် စမ်ပရက်ဇ်၏ အအောင်မြင်ဆုံးအချိန်တွင်
နည်းပြခဲ့သူလည်းဖြစ်သည်။

“ထူခြားတဲ့ သုံးနှစ်ခွဲတာကာလကို အတူတကွ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ကျွန်တော်နဲ့ ပေါလ်တို့ဟာ ပရော်ဖက်ရှင်နယ် တင်းနစ်လောကမှာ နောက်ထပ် စာမျက်နှာသစ်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ဖက်ဒါရာက ရေးသားခဲ့သည်။

Ref: skysports

……………………………..
နာဒယ်လ်အားအနိုင်ယူကာ ATP Shanghai Masters တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပေါ်ထရိုတက်ရောက်


အာဂျင်တိုင်းတင်းနစ်အကျော်အမော် ဂျူအန် မာတင် ဒလ်ပေါ်ထရိုမှာ ကျင်းပလျက်ရှိသည့် ATP Shanghai Masters တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ရာဖေး နာဒယ်လ်အား အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်ဟု သိရသည်။

နာဒယ်လ်အား ၆-၂၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည့် ပေါ်ထရိုက “တစ်ချိန်လုံးကျွန်တော် ကြံ့ကြံ့ခံ ကစားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီလူ(နာဒယ်လ်)ကို ကျွန်တော်နိုင်ခဲ့တာပါ” ဟုပြောကြားခဲ့သည်။ ပေါ်ထရိုမှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် ATP Japan Open တင်းနစ်ပြိုင်ပွဲတွင်လည်း ပူပူနွေးနွေး ဗိုလ်စွဲထားခဲ့သူဖြစ်သည်

…………………………………………..
Linz Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ကာရ်ဘာရ်တက်ရောက်

သြစတြီးယားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် WTA Linz Open တင်းနစ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲသို့ နိုင်ခြေအဆင့် ၁ သတ်မှတ်ခြင်းခံရသည့် ဂျာမန်တင်းနစ်မယ် အိန်ဂျလိက် ကာရ်ဘာရ် တက်ရောက်သွားပြီဟုသိရသည်။

ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် စပိန်တင်းနစ်မယ် ကာရ်လာ ဆွာရက်ဇ် နာဗာရိုနှင့် ကစားခဲ့ရခြင်းဖြစ်ပြီး ၆-၂၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။ ကာရ်ဘာရ်မှာ ပြီးခဲ့သည့်လက ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် နာဗာရိုအား ရှုံးနိမ့်ထားပြီး ယခုပွဲတွင် ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အခြားဆီးဖိုင်နယ်ပွဲစဉ်တွင် Linz Open ချန်ပီယံဘွဲ့အား နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးသည့် ဆားဘီးယား တင်းနစ်မယ် အန်နာ အိုင်ဗန်နိုဗစ်က ဆွစ်ဇလန်တင်းနစ်မယ် စတီဖာနီ ဗိုဂီလီအား ၆-၄၊ ၆-၄ ဖြင့်အနိုင်ရရှိသွားခဲ့ပြီး ဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

Linz Open တင်းနစ်ပြိုင်ပွဲနောက်ဆုံး ဗိုလ်လုပွဲကို ယနေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကာရ်ဘာရ်နှင့် အိုင်ဗန်နိုဗစ်တို့က ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Ref: skysports
…………………………………………
WTA Japan Open ဖိုင်နယ်တွင် စတိုစာနှင့် ဘောက်ချာဒ်တို့ တွေ့ဆုံမည်

အိုဆာကာတွင် ကျင်းပလျက်ရှိသည့် WTA Japan Open တင်းနစ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲတွင် သြစတေးလျ တင်းနစ်မယ် ဆမ် စတိုစာနှင့် ကနေဒါ လူငယ်တင်းနစ်မယ် ဘောက်ချာဒ်တို့တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဟုသိရသည်။

၂၀၀၉ ခုနှစ် Japan Open တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် စတိုစာမှာ ဆီးမီးဖိုင်နယ်တွင် အမေရိကန်လူငယ် တင်းနစ်မယ် မဒီဆန် ကီးစ်နှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး သက်တောင့်သက်သာကစားကာ ၆-၁၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၃ သတ်မှတ်ခြင်းခံရသည့် စတိုစာမှာ ကစားသမားသက်တမ်းတစ်လျှောက် ၅ ခုမြောက်ဆုဖလားအား ရရှိရန်မျှောင်လင့်နိုင်ပြီဖြစ်သည်။

အခြားဆီးမီးဖိုင်နယ်ပွဲစဉ်တွင် ကနေဒါ လူငယ်တင်းနစ်မယ် ယူဂျနီ ဘောက်ချာဒ်နှင့် ဂျပန်တင်းနစ်မယ် ကူရူမိ နာရာတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး နိုင်ခြေအဆင့် ၆ သတ်မှတ်ခြင်းခံထားရသည့် ဘောက်ချာဒ်မှာ အခက်အခဲမရှိခဲ့ပဲ အိမ်ရှင်တင်းနစ်မယ်အား ၆-၂၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ နောက်ဆုံးဗိုလ်လုပွဲအဖြစ် စတိုစာနှင့် ကစားရမည့် ဘောက်ချာဒ်မှာ ပထမဆုံး WTA ချန်ပီယံဘွဲ့အား ရရှိရန် ကြိုးစားရတော့မည် ဖြစ်သည်။
Ref: skysports

Leave a Reply