အောက်တိုဘာ ၂၉၊ ၂၀၁၃
M-Media
ဥရောပနှင့် အာရှတိုက် နှစ်ခုကို ဆက်သွယ်ထားသည့် Marmaray မြေအောက် ရထားလမ်းတစ်ခုကို တူရကီနိုင်ငံ၌ ယနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ အရင်က အော်တိုမန်ပြည့်ရှင် ဆူလ်တန် အဗ္ဗဒူလ် မစစ်က ၎င်း၏ အင်ပါယာကြီးအား ဥရောပသို့ဆက်သွယ်ရန်အတွက် ရေအောက် လှိုဏ်ခေါင်း တစ်ခုဖေါက်လု
သို့သော်လည်း ယခုအခါ Marmaray မြေအောက် ရထားလမ်း ဖွင့်လှစ်နိုင်ခဲ့ခြင်းက ဆူလ်တန်၏ အစီအစဉ်အား အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုရထား လမ်းအား ယနေ့တွင် ဖွင်လှစ်ခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများမှာ အပြီးသတ်ခြင်းမရှိသေးပေ။
၂၀၀၄ခုနှစ်က စတင်ဆောက်လုပ်ခဲ့သော အဆိုပါမြေအောက် ရထားလမ်းမှာ အစ္စတန်ဘူလ်မြို့ အာရှတိုက်ဖက်ခြမ်းရှိ အူစကူဒါမြို့မှ ဥရောပတိုက်ဘက်ခြမ်းရှိ ဖာတီမြို့သို့ မာမာရာ ပင်လယ်ရေလက်ကြား ဖြတ်ကာ ဖောက်လုပ်ထားခြင်းဖြစ်ပြီး ၄၇.၄ မိုင်ရှည်လျားသည်။ ထိုရထားလမ်းမှာ အစ္စတန်ဘူလ်မြို့ရှိ ယာဉ်ကျောပိတ်ဆို့မှုအား ၅ ပုံတစ်ပုံအထိ လျော့ချပေးနိုင်မည်ဖြစ်ပြီး နေ့စဉ် လူပေါင်း ၁ သန်းကျော်ကို သယ်ယူ ပို့ဆောင်ပေးနိုင်မည်ဖြစ်
Ref : alarabiya


Leave a Reply
You must be logged in to post a comment.