News @ M-Media

ကာဂျစ်စတန်တွင် မွတ်စလင်မ် အမျိုးသမီးများ သွေးလှူပွဲကျင်းပ

နိုဝင်ဘာ ၁၃-၂၀၁၃
M-Media

musulmanki_bishkek_sdacha_krovi
ကာဂျစ်စတန်ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်း၏ အမျိုးသမီးဌာနမှ  ကြီးမှူးပြုလုပ်သည့် မွတ်စလင်မ် အမျိုးသမီးများ သွေးလှူပွဲ အခမ်းအနားကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟုသိရသည်။

ထိုသွေးလှူပွဲအား Mutakallim ဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်မ်လူငယ် အမျိုးသမီး ၅၀၀ ခန့် တက်ရောက် ခဲ့ကြသည်။ ထိုလှူဒါန်းပွဲမှသွေးများကို  မြို့တော် ဘီရှ်ကက်ရှိ ဆေးရုံလေးခုသို့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

ထိုကဲ့သို့ သွေးလှူဒါန်းပွဲများ လုပ်ဆောင်ရခြင်းမှာ နိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များအကြား ဖြစ်ပွားသော သွေးအားနည်းရောဂါနှင့် မီးဖွားခြင်းနှင့် ပက်သက်သည့် ကဏ္ဍတွင် သေဆုံးသူမြင့်တက်လာခြင်းတို့ကို လူအများ သိရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု Mutakallim ဖောင်ဒေးရှင်း၏ ဥက္ကဌဖြစ်သူ ဂျမားလ် ဖရန်ဘက်ကိုင်ဇိုင်က ပြောကြားခဲ့သည်။

မြို့တော် ဘရီရှ်ကက်တွင် ပြုလုပ်ခဲ့သည့် ထိုသွေးလှူပွဲ အခမ်းအနားမစတင်မီ မော်တော်ဆိုင်ကယ် အလှပြမောင်းနှင်မှုကိုလည်းပြုလုပ်ခဲ့ပြီး၊ မာရသွန် အပြေးပြိုင်ပွဲလည်း ပါဝင်ခဲ့သည်။

ကာဂျစ်စတန်နိုင်ငံမှာ အလယ်အာရှတွင်တည်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၀၇ ခုနှစ်စာရင်းအရ လူဦးရေ ၅.၂ သန်းရှိပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ကြသည်။

Comments

Leave a Reply