14 November 2013
မြန်မာတိုင်းမ်
တိုးဝေအောင်
ပြည်တွင်းရှိ ဗလီများအား ဖောက်ခွဲမှုပြုလုပ်ရန်ရောက်ရှိနေသူနှစ်ဦးကို လှိုင်သာယာမြို့နယ်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
အဆိုပါနေ့တွင် လုံခြုံရေးတပ်ခွဲ ၁ မှ ဒုရဲမှူးမြင့်မောင်နှင့်အဖွဲ့သည် တပ်ဖွဲ့ဝင်များနှင့်အတူ ပြည် တွင်းရှိ ဗလီများကို ဖောက်ခွဲရေးပြုလုပ်ရန် မြန်မာနိုင်ငံ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်လာခဲ့ပြီး ပြည်တွင်းသို့ ၀င်ရောက်လာသည့် မြောက်ဦးမြို့နယ်နေ ခိုင်နေမင်း(ခ) တင်မောင်(၃၅ နှစ်)နှင့် သိန်းညွန့်(ခ) ဂျပန်ကြီး(ခ)တို့နှစ်ဦး လှိုင်သာယာ ပဒံကျေးရွာရှိ ဧည့်ရိပ်သာ တစ်ခုတွင်ရောက်ရှိပြီး ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်နေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ဝင်ရောက်ရှာဖွေစဉ် ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ယမ်းများနှင့် စားပွဲတင်နာရီ ၊ဂက်စ်မီးခြစ်၊ ဒီဇယ်၊ဓာတ်ဆီ၊၀ါယာကြိုး၊မီးသွေး၊ ဓာတ်ခဲ၊ ခဲဂေါက်၊ ကွိုင်ကြိုး၊ နှင့်လေယာဉ် လက်မှတ်တို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့ သည်။
သောင်ကြီးနယ် မြေရဲစခန်း က(ပ)၇၀၀/၁၃ ပေါက်ကွဲစေတက်သော ၀တ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူခဲ့ပြီး လှိုင်သာယာမြို့နယ် တရားရုံးသို့ပို့အပ်ခဲ့ရာ တရားသူကြီးက ချုပ်ရီမာန်ပေးခဲ့ကြောင်းသိရသည်။
Link=>http://myanmar.mmtimes.com/index.php/crime/7936-2013-11-15-08-04-55.html
Leave a Reply
You must be logged in to post a comment.