လေဘာပါတီ ၀င်တစ်ဦးဖြစ်ပြီး လန်ဒန်မြို့တော်ဝန် အဖြစ် ၀င်ရောက်အရွေးခံမယ့် ကန်လစ်ဗင်စတုန်း (Ken Livingstone) က လန်ဒန်မြို့တော်ကို အစ္စလာမ့် မီးရှုးတန်ဆောင်ဖြစ်စေရမယ်လို့ လန်ဒန်မြို့တော်ရဲ့ အထင်ကရ ဗလီ တစ်ခုမှာ ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ “အစ္စလာမ်နဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိစေဖို့လဲ လန်ဒန်မြို့သားတွေကို ပညာပေးရမှာ ဖြစ်ပါတယ်။ ဒါမှလဲ တမန်တော် မုဟမ္မဒ်(ဆွ) ရဲ့သြ၀ါဒတွေကို ဖော်ဆောင်တဲ့နေရာမှာ ကျတော်တို့ မြို့တော်ဟာ မီးရှုးတန်ဆောင်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တမန်တော်မြတ်(ဆွ)ရဲ့နောက်ဆုံးမိန့်ခွန်းကိုလဲ “လူသားအားလုံးနဲ့ သက်ဆိုင်တဲ့သြ၀ါဒ” အဖြစ် ပြောဆိုသွားပါတယ်။ “နောက်လာမယ့် လေးနှစ်တာကာလ အတွင်းမှာ တမန်တော်မြတ်ရဲ့ နောက်ဆုံးမိန့်ခွန်းကို မွတ်စလင် မဟုတ်သူတွေ သဘောပေါက်နားလည်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်”။
“ခင်ဗျားတို့ကို ငွေရေးကြေးရေး အဆင်ပြေအောင်လည်း ဆောင်ရွက်ပေးမယ်” လို့ လဲ ကတိ ပေးသွားပါတယ်။ မစ္စတာ လစ်ဗင်စတန် ဟာပြီးခဲ့တဲ့ သောကြာနေ့ ဂျူမ္မာနမာဇ်ဝတ်ပြုချိန် မှာ လန်ဒန်မြို့ မြောက်ဘက် ဗဟိုဗလီ ( ဖင်းဘရီ ဥယျာဉ်ဗလီ) တွင် လာရောက် မိန့်ခွန်းပြောကြားသွားခြင်းဖြစ်သည်။
တမန်တော်မုဟမ္မဒ် (ဆွ) ဟာ ခရစ်နှစ် ၆၃၂ ခုမှာ မက္ကာမြို့အနီး အာရဖတ်တောင်ကြား မှာ သူ့ရဲ့ နောက်ဆုံးမိန့်ခွန်းကို ပြောကြားသွားပါသည်။
“မိမိတို့ရဲ့ ယုံကြည်မှု့နဲ့ ကောင်းမြတ်တဲ့ လုပ်ရပ် တွေက လွဲရင် လူဖြူကလည်း လူမဲ ထက်ပိုပြီး မမြင့်မြတ်ဘူး။ လူမဲကလည်း လူဖြူထက်ပိုပြီး မမြင့်မြတ်ဘူး။”
လို့ လူမျိုးရေး ခွဲခြားမှု့ကိုလက်မခံကြောင်း တမန်တော်မြတ်က သူ့ရဲ့ နောက်ဆုံးမိန့်ခွန်းမှာ အတည့်အလင်း ထည့်သွင်းမိန့်ကြားသွားခဲ့ပါသည်။
Source: http://www.presstv.ir/
Leave a Reply
You must be logged in to post a comment.