ဒီဇင်ဘာ ၂၊ ၂၀၁၃
M-Media
ဓါတ်ပုံ-Al Jazeera
ကယန်း လူမျိုးစုများတွင် ရှေးဟောင်းဓလေ့ထုံးစံတစ်ခုရ
ပန်းပတ်၊ မြန်မာ- မြန်မာနိုင်ငံရှိ ကယန်းလူမျိုးစု တစ်စု၏ အမျိုးသမီးများသည် သူတို့၏ လည်ပင်းများတွင် ချိတ်စွပ်ထားသော ကြေးနီကွင်းများကြောင့် လူမျိုးစုများကြားတွင် ကျော်ကြားပြီး၊ ထိုကွင်းများဖြင့် ဘ၀သက်တမ်းတစ်လျှောက် လည်ပင်းအား ရှည်လာအောင် လုပ်ဆောင်ခဲ့ကြသည်။ ယုံကြည်ချက်မှာ လည်ပင်းပိုမိုရှည်လာလေ ပိုမိုလှပသော အမျိုးသမီးတစ်ဦးဖြစ်လာလေဖြ
ယဉ်ကျေးမှုလုပ်ရိုးလုပ်စဉ်တ
ကယန်း လူမျိုးများက ဆိုသည်မှာ ထို ယဉ်ကျေးမှုအား အဓိက ထုတ်ပြန်ခဲ့ခြင်း အကြောင်းမှာ အမျိုးသမီးများအား ဆွဲဆောင်မှု နည်းစေရန်ဖြစ်ပြီး၊ ရန်သူ လူမျိုးစုများမှ ဖမ်းဆီးခေါ်ဆောင်ခြင်းကို တားမြစ်ရန် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်များတွင် လည်ပင်းကွင်းများသည် ယခင်က ယဉ်ကျေးမှုအား ထိန်းသိမ်းရန်အနေဖြင့် ၀တ်ဆင်ခြင်းသာဖြစ်သည်။
မိန်းကလေးများသည် သူတို့၏ ညို့သကျည်း နှင့် လည်ပင်းများတွင် ကွင်းများအား အသက် ၅ နှစ် သို့ ခြောက်နှစ်အရွယ်မှ စတင်ကာ ၀တ်ဆင်ခဲ့ကြသည်။ သို့သော်လည်း ထိုဝတ်ဆင်နိုင်မှုသည် မိသားစု ၏ ချမ်းသာကြွယ်ဝမှုပေါ်တွင် မူတည်၏။ ရိုးရာအရ ကွင်းများသည် ဈေးကြီးပြီး၊ အိမ်ထောင်စုတိုင်း မ၀ယ်ယူနိုင်ကြပေ။ နှစ် ၆၀ ကျော်က ဈေးမှာ ၂၀ ကျပ် (အမေရိကန် ဒေါ်လာ ပြား ၂၀) ထိရှိပြီး၊ ယခုတွင် ၂၅၀,၀၀၀ ကျပ် (ဒေါ်လာ ၂၅၀) နည်းပါးရှိ၏။
ယနေ့တွင် ကယန်း အမျိုးသမီးငယ်များသည် ၄င်း ကွင်းများကို ၀တ်ဆင်မှုကို ငြင်းဆိုကြ၏။ သူတို့က ထိုအရာသည် ရှေးဟောင်းအယူအဆ တစ်ခုသာဖြစ်ကြောင်း ဆိုကြသည်။ သို့သော်လည်း ထို လည်ပင်းကွင်းများသည် ထိုင်းနယ်စပ် မြောက်ပိုင်းတွင် အလွန်ကို ခောတ်စားနေပြီး၊ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင် နိုင်သလို တောရွာတွင် နေထိုင်သူများအတွက် ၀င်ငွေရသော စီးပွားရေး လုပ်ငန်းတခုဖြစ်ပါသည်။
Photo- Andrey Kovalenko/Nikolay Korzhov/Al Jazeera
အခြားဓါတ်ပုံများ Facebook တွင် ကြည့်လိုလျှင် Click Here

Leave a Reply
You must be logged in to post a comment.