ဒီဇင်ဘာ ၁၈၊ ၂၀၁၃
M-Media
ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa Prince ဟိုတယ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃-ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ဘီအာ ရိုဆေး ဆန်တီယေဂိုက နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International 2013 ဘွဲ့အား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲဝင် ၆၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ၅၃ ကြိမ်မြောက် အဆိုပါပြိုင်ပွဲတွင် ရိုဆေးမှာ နယ်သာလန်အလှမယ်နှင့် နယူးဇီလန်အလှမယ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်ပြိုင်ပွဲက အနိုင်ရရှိခဲ့သည့် အလှမယ်မှာ ယခုပွဲအား တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဆုရရှိခဲ့သည့် စပိန်မယ်က ရိုဆေးအား သရဖူဆောင်းပေးခဲ့သည်။
ဆုရရှိခဲ့မှုနှင့်ပက်သက်၍ ရိုဆေးက “ဒါဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မကိုရွေးချယ်ခဲ့တဲ့အတွက် ဂျပန်ပြည်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက ကျွန်မရဲ့ သရဖူနဲ့ ကျမရဲ့ဘွဲ့(ဆုကြေးငွေ)ကို မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီသွားမှာပါ။ ဒါ(ဒီဆု)ဟာ ကျွန်မရဲ့နိုင်ငံနဲ့ ကျွန်မရဲ့ ပြည်သူတွေအတွက်ပါ” ဟု ပြောကြားသွားခဲ့သည်။
Ref : Dawn


Leave a Reply
You must be logged in to post a comment.