News @ M-Media

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်အမှတ်တရ ဘာသာပေါင်းစုံ ဆုတောင်း

ဒီဇင်ဘာ ၂၈၊ ၂၀၁၃
M-Media
K K

1488328_10202174647263674_689782016_n

ရန်ကုန်    ။       ။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် အမှတ်တရအဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ရပ်ကို မနေ့ ဒီဇင်ဘာ ၂၇-ရက်နေ့ နေ့လည် ၃-နာရီက တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ နေအိမ်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာပြီးကတည်းက ဒီအစီအစဉ်လေးကို နှစ်တိုင်းဖိတ်ကြားလို့ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ ဘာသာတစ်ခုစီကနေ ၅-ယောက်စီ တက်ရောက်ကြပါတယ်။ ဘာသာအသီးသီးအလိုက် ဒေါ်ခင်ကြည်အကြောင်း အမှတ်တရ ပြောကြပါတယ်။ ဒေါ်ခင်ကြည်အကြောင်း ပြောတော့ ဒေါ်အောင်ဆန်းစုကြည်က မရှိနေပါဘူး။ ခြေထောက် ခွဲထားတာကြောင့် နားနေတယ်လို့ သိရတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် ကျွန်တော်တို့တွေနဲ့အတူ ထိုင်နေခဲ့ပါတယ်။ ပြီးတော့ ဘာသာအလိုက် ဆုတောင်း ကြတယ်။ မနက်ပိုင်းကတော့ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်တယ်လို့ သိရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ လုပ်တာ ပါ”လို့ အစီအစဉ်မှာ ပါဝင် တက်ရောက်ခဲ့သူ ဆရာဦးအေးလွင်မှ ပြောပါတယ်။

အဆိုပါ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ခရစ်ယာန်ဘာသာမှ ရိုမန်ကတ်သလစ်နှင့် နှစ်ခြင်းအသင်းတော်၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ဘဟာအီဘာသာတို့မှ ကိုယ်စားလှယ် ၅-ယောက်စီ ၂၅-ယောက်အပါအ၀င် ဗုဒ္ဓဘာသာမှ ဦးတင်ဦးနှင့် NLD ပါတီဝင်များ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ဓါတ်ပုံများကို နေလင်းအောင်၏ ဖေ့ဘွတ်စ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Comments

Leave a Reply