ဇန်နဝါရီ ၊ ၁၀၊ ၂၀၁၄
M-Media
– မြန်မာနိုင်ငံရှိ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် ကြားဝင်ဖြေရှင်းပေးရန်အတွက် စင်ကာပူနိုင်ငံအား ၀န်ကြီးချုပ် အာဒိုဂန်က တိုက်တွန်း တောင်းဆိုခဲ့ကြောင်း တူရကီဒုတိယ၀န်ကြီးချုပ် ဘူလန့် အာနစ်က ပြောကြားလိုက်သည်။
စင်ကာပူနိုင်ငံ၏ လူများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် စင်ကာပူနိုင်ငံ၏ သြဇာကိုသုံးကာ မြန်မာနိုင်ငံက ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ ကိစ္စ ကြားဝင်ဆောင်ရွက်ပေးဖို့ ၀န်ကြီးချုပ်က ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံမှာ တူရကီနှင့်ယှဉ်လျှင် သေးငယ်သော်လည်း စီးပွားရေးနှင့် ကုန်သွယ်ရေးတို့တွင် အလွန် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ကြောင်း အာနစ်က ထပ်လောင်းပြောကြားခဲ့သည်။
တူရကီဝန်ကြီးချုပ်နှင့်အဖွဲ့မှာ အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် စင်ကာပူနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က လာရောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း တူရကီ အဆင့်မြင့်အရာရှိများ၏ စင်ကာပူနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။
Ref: TODAY’S ZAMAN
Photo- တူရကီ ဝန်ကြီးချူပ် Erdoğan FB စာမျက်နှာမှ
Leave a Reply
You must be logged in to post a comment.