ဇန်န၀ါရီ ၁၁-၂၀၁၄
M-Media
ဒဏ်ရာ အကင်းမသေသေးသောကြောင့် မန်ယူတိုက်စစ်မှူး ဗန်ပါစီ ခြောက်ပတ်ခန့် ထပ်မံအနားယူရမည်။
– အာဆင်နယ်အသင်းတွင် ရရှိခဲ့သည့် ပေါင်းဒဏ်ရာဟောင်း ပြန်လည် ခံစားနေရသည့်အတွက် မန်ယူအသင်း တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီမှာ နောက်ထပ် ၆ ပတ်ခန့် ထပ်မံ အနားယူရမည်ဟု သိရသည်။
ဗန်ပါစီမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကတည်းက ဒဏ်ရာကြောင့် အသင်းမှအနားယူနေရသူဖြစ်ပြီး နည်းပြမိုယက်စ်က အမြန်ပြန်ကစားနိုင်ရန် အလိုရှိနေသော်လည်း ဒဏ်ရာမှာ အကင်းမသေ သေးသောကြောင့် ဆက်လက်အနာယူးရမည်ဖြစ်ပြီး ယခုအခါ ဟော်လန်၌ ဆေးကုသမှု ခံယူနေသည်ဟု အသင်းက ယမန်နေ့တွင် အတည်ပြုခဲ့သည်။
အခြားတိုက်စစ်မှူးဖြစ်သည့် ၀ိန်းရူနီမှာလည်း ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရပြီး ဒဏ်ရာအမြန်ဆုံးသက်သာရန်အတွင် အပူချိန်မြင့်သည့် အီဂျစ်နိုင်ငံတွင် ဆေးကုသမှုခံယူရန် စေလွှတ်ထားသည်။
………………………………..
လုပ်ပွဲကြောင့် ၉ လ ပွဲပယ်ခံ လာဇီယိုအသင်း ခေါင်းဆောင်၏ ပြစ်ဒဏ်အား ၆ လသို့ လျှော့ချ
– အီတလီဘောလုံးအဖွဲ့ချုပ်က အသေးစိပ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် လုပ်ပွဲ ပြုလုပ်မှုကြောင့် ၉ လ ပွဲခံနေရသည့် လာဇီယို အသင်းခေါင်းဆောင် စတီဖာနို မော်ရီ၏ ပြစ်ဒဏ်အား ၆ လ သို့ လျှော့ချခဲ့သည်ဟု သိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် မော်ရီမှာ လာဇီယိုအသင်း ၂၀၁၁ ခုနှစ်က ကစားခဲ့သည့် ဂျီနိုအာ၊ လက်ချီအသင်းတို့နှင့်ပွဲစဉ်၌ ပြုလုပ်ခဲ့သည့် လုပ်ပွဲကစားမှုအား တိုင်ကြားရန် ပျက်ကွက် ခဲ့မှုကြောင့် အီတလီဘောလုံး အဖွဲ့ချုပ်က ကနဦး ပွဲပယ်ပြစ်ဒဏ် ၆ လနှင့် နောက်တိုးပြစ်ဒဏ် ၃ လ စုစုပေါင်း ၉ လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယမန်နေ့က အားကစားတရားရုံးတွင် ၁ နာရီခွဲကြာ ကြားနာမှု ပြုလုပ်ခဲ့ပြီးနောက် နောက်တိုးပြစ်ဒဏ် ၃ လအား ပယ်ဖျက်ပေး ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မော်ရီ၏ ပြစ်ဒဏ်မှာ လာမည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင်ပြည့်မည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ဖော်ထုတ်တွေ့ ရှိခဲ့သည့် စီးရီးအေ လုပ်ပွဲ အရှုပ်တော်ပုံတွင်ပါဝင်မှုကြောင့် ယခင် အီတလီလက်ရွေးစင်ကစားသမား ဂူဆပ်ပီ ဆစ်ဂ်နိုင်ရီ အပါအ၀င် နာမည်ကြီး ကစားသမား အများအပြား အဖမ်းခံခဲ့ရပြီး စီးရီးအေ အသင်းအချို့မှာလည်း အမှတ်လျော့ပြစ်ဒဏ်ကို ခံခဲ့ရသည်။
Leave a Reply
You must be logged in to post a comment.