ဇန်န၀ါရီ ၁၅၊ ၂၀၁၄
M-Media

– မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနှင့် ထိုတ်တန်သော ခြေစွမ်းများကို ပြသနေသည်မှာ သံသယရှိစရာမလိုဟု လီဗာပူလ်းအသင်း၏ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။
လီဗာပူလ်းအသင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတုတ်စီးတီးအသင်းအား ၅ ဂိုး ၃ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် အဆင့်လေးနေရာတွင် ဆက်လက် ရပ်တည်နေခဲ့ပြီး၊ ၂၀၀၉ ခုနှစ်ကတည်းက ပါဝင်ကစားခွင့်မရခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲအား လာမည့်နှစ်တွင် ပါဝင်ကစားရန်အတွက် ပုံစံကောင်းများ ရှိနေသည်ဟု ထိုပွဲတွင်အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့် ဆွာရက်ဇ်က ခံစားနေရသည်။
“ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်းမှာ အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ၀င်ရောက် ကစားနိုင်တဲ့အသင်းဖြစ်ကြောင်း မပြသနိုင်ခဲ့တာကို ကျွန်တော်တို့ သိပါ တယ်။ အခုတော့ ကျွန်တော်တို့ ကစားပုံ အတော့ကိုကောင်းနေပြီး ချန်ပီယံလိဂ်မှာ ကစားနိုင်တဲ့ အဆင့်ကိုလည်း ရောက်နေပါပြီ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိပြီး ဒီပုံစုံအတိုင်းသွားရင် ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့် ရနိုင်မှာပါ” ဟု အသင်း ၀ဘ်ဆိုဒ်သို့ ဆွာရက်ဇ်က ပြောကြား ခဲ့သည်။
ပြီးခဲ့သည့်နွေရာသီက အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သည့် ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်မှ ပြန်လာပြီးနောက် ခြေစွမ်းပြလျက်ရှိကာ ပရီးမီးယားလိဂ် ၁၆ ပွဲကစားပြီး ၂၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။
Ref : Daily

Leave a Reply
You must be logged in to post a comment.