ဇန်န၀ါရီ ၁၇၊ ၂၀၁၄
M-Media

မြိတ် ။ ။ ရခိုင်ပြည်နယ်မှ မွတ်စလင် ၇၂-ဦး မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်မှ ယနေ့ ဇန်န၀ါရီလ ၁၇-ရက်နေ့မှာ လွတ်မြောက် လာကြောင်း သိရသည်။
၂၀၁၃-ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြန်မာနိုင်ငံတွင် အကျဉ်းထောာင် အသီးသီးမှာ အကျဉ်းကျခံနေရသော အကျဉ်းသား အချို့ လွတ်မြောက်လာခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ရခိုင်အရေးအခင်း နောက်ပိုင်း မတရား ဖမ်းဆီး အကျဉ်းကျခံခဲ့ရသော ရခိုင်ပြည်နယ်မှ မွတ်စလင် အချို့ ပါဝင်ခဲ့သော်လည်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အချို့ လွတ်မြောက် မလာသည့် အပေါ် နိုင်ငံတကာမှ မြန်မာအစိုးရအား ဝေဖန်မှု အချို့ ရှိနေသည်ကိုလည်း တွေ့ရှိရသည်။
၎င်း လွတ်မြောက်လာသည့် အမျိုးသား ၆၆-ဦးနှင့် အမျိုးသမီး(၆)ဦးတို့အား စစ်တွေမြို့ သက်ကယ်ပြင် ကျေးရွာသို့ ယနေ့ မနက်ပိုင်းက ပို့ဆောင်ပေးလာကြောင်း ဒေသခံ တစ်ဦးမှ သတင်းပေးပို့ထားပါတယ်။
* လင်းမာန်သီမှ M-Media သို့ပေးပို့လာသော သတင်းဖြစ်ပါသည်။
Leave a Reply
You must be logged in to post a comment.