ဇန်နဝါရီ ၂၁၊ ၂၀၁၄
M-Media
– အသင်းပရိတ်သတ်များအနေဖြင့် အသင်း၏ ကွင်းလယ်လူ အိုဇေးလ်အပေါ် အလွန်ကြီးမားသော မျှော်လင့်ချက်များ ထားနေသည်ဟု ၀င်းဂါးက ဖွင့်ဟခဲ့ပြီး အိုဇေးလ်၏ တောက်ပလာမည့် နေ့ရက်များမှာ အရှေ့တွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိ အိုဇေးလ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ရီးယဲလ်မက်ဒရစ် အသင်းမှ အာဆင်နယ်အသင်းသို့ အသင်း စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အာဆင်နယ် အသင်း ဇယားထပ်ဆုံး၌ ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံး ကူညီပေးနိုင်ခဲ့သူဖြစ်သည်။
သို့သော်လည်း ယခုလောလောဆယ်တွင် ခြေစွမ်းနည်းငယ်ကျနေပြီး၊ ပရိတ်သတ်များကလည်း အိုးဇေးလ်အား ဂိုးများများ သွင်းသူအဖြစ် မျှော်လင့်နေကြသည်။ ၀င်းဂါးကမူ ထိုကဲ့သို့မျှော်လင့်မှုများမှာ မဖြစ်နိုင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
“တစ်ခါတရံမှာ လူတွေက သူ့ရဲ့(အိုဇေးလ်ရဲ့) ကိုယ်ပိုင်ဟန်ကို ပြောင်းလဲဖို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ ဘောလုံးကိုဆွဲပြေးပြီး ဂိုးကန်သွင်းတာက သူ့အတွက် သိပ်အလုပ်မဖြစ်ပါဘူး။ သူဟာ ဘောလုံးဖြန့်ဝေသူ၊ ဂိုးသွင်းသူ တစ်ဦးထက်ကို ပိုပါတယ်” ဟု ၀င်းဂါးက ကလပ်အသင်း ၀ဘ်ဆိုဒ်တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဂိုးသွင်းယူခြင်းမှာ ပွဲအတွင်း အိုဇေးလ်လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး ဝေဖန်ရန်ထက် တိုက်တွန်း အားပေးရန် ပိုလိုအပ်ကြောင်း ၀င်းဂါးက ထည့်သွင်းပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.