News @ M-Media

ကုလသို့တင်သွင်းရမည့် အမျိုးသမီးများ အပေါ် ခွဲခြားမှု ပပျောက်ရေး အစီရင်ခံစာ မြန်မာ ရေးသားနေ

ဇန်နဝါရီ ၂၇၊ ၂၀၁၄
M-Media

ရန်ကုန်၊ ဇန်န၀ါရီ ၂၇။ ။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် နိုင်ငံ၏ စတုတ္ထနှင့် ပဉ္စမမြောက် အစီရင်ခံစာအား မြန်မာနိုင်ငံက ရေးသားနေသည်ဟု နိုင်ငံပိုင်မီဒီယာများက ဇန်န၀ါရီ ၂၇ ရက် (ယနေ့) တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ကုလသမဂ္ဂမှ အစီရင်ခံစာရေးသည့် ကော်မတီအား သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ စတင်ခဲ့ခြင်းဖြစ်ပြီး ထိုကော်မတီတွင် အစိုးရ၀န်ကြီးဌာန၊ အစိုးရမဟုတ်သည့် အဖွဲအစည်းများနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါ်မြတ်မြတ်အုန်းခင်ကမူ အဆိုပါအစီရင်ခံစားရေးသားမှုအား ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် တိကျမှန်ကန်သော အစီရင်ခံ ပေါ်ထွက်လာရန် အတွက် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ၏ အမျိုးသမီးများအပေါ် ခွဲခြားမှု ပုံစံအားလုံး ပပျောက်ရေး စာချွန်လွှာအား  ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပထမအကြိမ် အစီရင်ခံစာနှင့် ၂၀၀၇ ခုနှစ်တွင် ဒုတိယအကြိမ် အစီရင်ခံစာတို့ကို တင်သွင်းနိုင်ခဲ့သည်။ သို့သော်လည်း ၂၀၁၀ ခုနှစ် တတိယအကြိမ် အစီရင်ခံစာအား တင်သွင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

Ref: ဆင်ဟွာ

Comments

Leave a Reply