ဇန်န၀ါရီ ၂၇၊ ၂၀၁၄
M-Media

– သီတင်းတစ်ပါတ်ကြာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ဘေဆယ်အသင်း၏ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အားခေါ်ယူနိုင်ခဲ့ပြီဟု ချယ်ဆီး အသင်းက အတည်ပြု ပြောဆိုခဲ့သည်။
အသင်းကွင်းလယ်လူ မာတာအားရောင်းချခဲ့ပြီးနောက် အားဖြည့်သည်အနေဖြင့် အသက် ၂၁ နှစ်အရွယ်ရှိ ဆာလာဟ်အား ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၅ နှစ်ခွဲ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဘေဆယ်တွင် စွဲမက်ဖွယ် ခြေစွမ်းများကို ပြသခဲ့သော ဆာလာဟ်အား လီဗာပူးလ်အသင်းက စိတ်ဝင်စားခဲ့ သော်လည်း ချယ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
အသင်းတွင် ကျောနံပါတ် ၁၅ အား ၀တ်ဆင်ကစားမည့်ဆာလာက
“ဒီလိုအသင်းကြီးမျိုးနဲ့ စာချုပ်ချုပ်ဆိုရတာကို ကျွန်တော် ပျော်ရွှင်မိပါတယ်။ ချယ်ဆီးပရိတ်သတ်တွေကို ပျော်ရွှင်အောင် ကျွန်တော် ဆောင်ရွက်နိုင်မယ် လို့ မျှော်လင့်ပါတယ်” ဟု ချယ်ဆီးအသင်း၏ ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။
Ref : Goal

Leave a Reply
You must be logged in to post a comment.