ဇန်န၀ါရီ ၂၈၊ ၂၀၁၄
M-Media
– သမ္မတ၏ ၀န်ကြီးချုပ်ပြုလုပ်ရန်ကမ်းလှမ်းမှုအား အတိုက်အခံခေါင်းဆောင်မှ ပယ်ချခဲ့ပြီး အဆန္ဒပြမှုများကို တိုးမြှင့်ပြုလုပ်ခဲ့ပြီးနောက်၊ ဆန္ဒပြသူများအား ကန့်သတ်သည့် ဥပဒေများအား ပြန်လည်ရုပ်သိမ်းတော့မည်ဟု ယူကရိန်း သမ္မတ ဗစ်တာ ယန်နူကိုဗစ်ခ်ျက ပြေကြားလိုက်သည်။
သမ္မတရုံး ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။ ထို့ပြင် “ဇန်န၀ါရီ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးမှု များ၊ သတိပေးမှုများ ဖြစ်ပေါ်ခဲ့သည့် (ဆန္ဒပြသူများအား ကန့်သတ်သည့်) ဥပဒေနှင့် ပတ်သက်ပြီး (ရုပ်သိမ်းရန်) နိုင်ငံရေး ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့သည်” ဟု တရားရေးဝန်ကြီး အဲလီနာ လူကရှ်က ထိုကြေညာချက်တွင် ထည့်သွင်းပြောကြားထားကာ၊ ၀န်ကြီးချုပ် ရာထူး ကမ်းလှမ်းမှုအား အတိုက်အခံ ခေါင်းဆောင်မှ ငြင်းဆန်ခဲ့သည်ဟုလည်း တစ်ပါတည်း ဖော်ပြခဲ့သည်။
ထိုကြေညာချက်မှာ ယူကရိန်းသမ္မတ ယာနူကိုဗစ်ခ်ျနှင့် အတိုက်အခံခေါင်းဆောင် ယက်ဆန်ယွတ်တို့ ယမန်နေ့က တွေ့ဆုံပြီးနောက်ပိုင်း ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။ ဥရောပ၏ ကုန်သွယ်ရေးသဘောတူညီချက်အား လတ်မှတ်မထိုးရန် အစိုးရက ဆုံးဖြတ်ခဲ့ပြီးသည့်နောက် လွန်ခဲ့သည့် ၂ လခန့်က စတင်ကာ မြို့တော် ကိဗ်တွင် ဆန္ဒပြမှုများအ ဆက်မပြတ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများအား ကန့်သတ်သည့် ဥပဒေ များထွက်ပေါ်လာပြီးနောက် ဆန္ဒပြမှုများမှာ ပို၍ဆိုးဝါးလာခဲ့သည်။ ယမန်နေ့ကလည်း တရားရေးဝန်ကြီးဌာန ရုံးအား ၀ိုင်းထားသော ဆန္ဒပြသူများအနေဖြင့် ထိုနေရာမှ မထွက်ခွာ ပါက အရေးအပေါ်အခြေအနေကြေညာမည်ဟု အစိုးရ သတိပေးမှုတစ်ခု ပြုလုပ်ခဲ့သေးသည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.