News @ M-Media

နိုင်ငံရေးတည်ငြိမ်ရန် ရည်ရွယ်၍ ယူကရိန်း ၀န်ကြီးချုပ်နှင့် ကတ်ဘိနက် တစ်ဖွဲ့လုံး နှုတ်ထွက်

ဇန်နဝါရီ ၂၉၊ ၂၀၁၄
M-Media
ukraine-prime-minister-resigns-390x285
– အစိုးရနှင့် ဆန္ဒပြသူများအကြား နှစ်လကျော်ကြာဖြစ်ပွားနေသည့် တင်းမာမှုများကို အဆုံးသတ်ရန်ရည်ရွယ်၍ ဆန္ဒပြသူများအား ကန့်သတ်သော ဥပဒေများကို ယူကရိန်းအစိုးရက ပယ်ဖျက်ပေးခဲ့ပြီး ၀န်ကြီးချုပ်အပါအ၀င် ကတ်ဘိနက် အဖွဲ့အားလုံးကို နှုတ်ထွက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့က မြို့တော့်ကိဗ်တွင်ပြုလုပ်ခဲ့သည့် ပါလီမန်အထူးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအစည်းအဝေးမတိုင်မီကလည်း ၀န်ကြီးချုပ် မိုကိုလာ အဇာရော့ဗ့်က ဆန္ဒပြသူများနှင့် အစိုးရအကြား တင်းမာမှုများကို ပြေလျှော့ရန် ကမ်းလှမ်းခဲ့သည်။

ဝန်ကြီးချုပ် အဇာရော့ဗ်၏ နှုတ်ထွက်မှုကို သမ္မတ ယာနူကိုဗစ်ခ်ျကလည်း လက်ခံခဲ့ပြီး ၎င်း၏နေရာအား ဒုတိယ၀န်ကြီးချုပ် ဆာဂျီ အာဘူဇော့နှင့် ယာယီအစားထိုးခဲ့ကာ ကတ်ဘိနတ်အဖွဲ့အသစ် ခန့်အပ်ပြီးသည်အထိ အဘူဇော့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

သမ္မတနှုတ်ထွက်ရန်အတွက် အလိုရှိနေသည့် အတိုက်အခံခေါင်းဆောင်များကမူ ၀န်ကြီးချုပ်နှုတ်ထွက်မှုအား အားပေးခဲ့ပြီး အောင်မြင်မှုအတွက် ခြေလှမ်းတစ်ရပ်ဟု ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်မှာ နှစ်လကျော်ကြာမြင့်နေပြီးဖြစ်ပြီး တစ်စထက်တစ်စ ဆိုးရွားလာကာ အစိုးရကလည်း အတိုက်အခံများနှင့် ဆွေးနွေညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။

Comments

Leave a Reply