ဇန်န၀ါရီ ၃၁၊ ၂၀၁၄
M-Media

– ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းနှင့် ငွေကြေးဆိုင်ရာ ဆက်သွယ်မှု ရှိခဲ့သော်လည်း ၎င်းတို့အား အသိမပေးခဲ့သည့် နေးမာ၏ ဖခင်ဖြစ်သူအား ဆန်းတို့စ်အသင်းက ဥပဒေကြောင်းအရ အရေးယူရန် ရှိနေသည်ဟု သိရသည်။
နေးမာ၏အပြောင်းအရွှေ့တွင် နေးမာအား ပူးတွဲပိုင်ဆိုင်သည့် ဖခင်ဖြစ်သူ၏ N&N ကုမ္ပဏီက ပေါင် သန်း ၄၀ ရရှိခဲ့သည်။ ထိုအထဲမှ ၁၀ သန်းအား အပြောင်းအရွှေ့တွင် လက်ဦးမှုရယူရန်အတွက် ဘာစီလိုနာမှ ပြီးခဲ့သည့် ၃ နှစ်က ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နေးမာကို မြေတောင်မြှောက်ပေးခဲ့သော်လည်း ပြောင်းရွှေ့ကြေး ၁၇.၁ သန်းသာ ရရှိခဲ့သည့် ဆန်းတို့စ်အသင်းကမူ ဘာစီလိုနာ၏ အပြောင်း အရွှေ့ပေါ်လစီကို ဝေဖန်ခဲ့ပြီး၊ ယူရို ၁၀ သန်း လက်ခံထားမှုအား အသိမပေးခဲ့သည် နေးမာ၏ ဖခင်ကိုလည်း တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
နေးမာ၏ အပြောင်းအရွှေ့တွင် ယူရို ၅၇.၁ သန်း သုံးစွဲခဲ့သည်ဟု ဘာစီလိုနာအသင်းက ကြေညာခဲ့သော်လည်း ထိုအပြောင်းအရွှေ့တွင် ငွေအရှုပ်အရှင်း ရှိနေသည်ဟု ဘာကာပရိတ်သတ်တစ်ဦးက တရားရုံးသို့ တိုင်ကြားခဲ့ပြီးနောက်၊ ဘာကာ ဥက္ကဌ ရိုဆဲလ်မှာလည်း နှုတ်ထွက်သွားခဲ့သည်။ ဥက္ကဌသစ် ဘာတိုမူကလည်း ထိုအပြောင်းအရွှေ့တွင် နေးမာ၏ ဖခင်အား ယူရိုသန်း ၄၀ ပေးအပ်ခဲ့သည်ဟု ပြီခဲ့သည့်တစ်ပါတ်က ဖွင့်ဟခဲ့သည်။
ထို့ကြောင့် နေးမာ၏ လုပ်ခများမပါဘဲ လက်မှတ်ထိုးကြေး၊ မူပိုင်ခွင့်၊ ကင်းထောက်ခ၊ အေးဂျင့်ခ၊ နေးမာဖောင်ဒေးရှင်းအတွက် အလှူငွေ စသည့် တန်ဖိုးများပေါင်းပါက နေးမာ၏ ပြောင်းရွှ့ကြေးမှာ ယူရို ၈၆.၂ သန်းရှိနေခဲ့သည်။ ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် ထိုအပြောင်းအရွှေ့အတွက် စပိန်အခွန်ရုံးသို့ ယူရို ၆၃ သန်းအထိ ပေးဆောင်ရဖွယ်ရှိနေသည်။
Ref : Goal

Leave a Reply
You must be logged in to post a comment.