ဖေဖော်ဝါရီ ၇၊ ၂၀၁၄
M-Media

– ယခုလက်ရှိအသုံးပြုနေသည့် အီတီဟတ်အသင်းရှိ ထိုင်ခုံအရေအတွက်များ တိုးချဲ့ရေးလုပ်ငန်းစဉ်ကို မန်ချက်စတာစီးတီးအသင်းက ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။
ထိုင်ခုံပေါင်း ၁၄၀၀၀ တိုးချဲ့သွားမည်ဖြစ်ပြီး ကွင်းတစ်ဘက်တစ်ချက်စီတွင် ထိုင်ခုံ ၆၂၅၀နှင့် ကွင်းအောက်ခြေတွင် ထိုင်ခုံ ၂၀၀၀ စီ ထည့်သွင်းသွားမည်ဖြစ်သည်။ အီတီဟတ်ကွင်း၏ လူဝင်နိုင်မှုပမာဏမှာ လက်ရှိတွင် ၄၇၆၂၀ ဦးဖြစ်ပြီး ထိုင်ခုံများ တိုးချဲ့ပြီးပါက ၆၂၁၇၀ ဦး ၀င်ဆန့်မည်ဖြစ်သည်။
ထိုကဲ့သို့ တိုးချဲ့ဆောက်လုပ်မှုများပြုလုပ်ရန် မန်ချက်စတာ မြို့တော်ကောင်စီက ယမန်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းစဉ်များ ပြီးဆုံးသွားပါက အီတီဟတ်ကွင်းမှာ အင်္ဂလန်တွင် ဒုတိယ လူဦးရေအများဆုံးဝင်ဆံ့သော ကလပ်အသင်းပိုင် ကွင်းတစ်ကွင်းဖြစ်လာမည်ဖြစ်သည်။
Ref : Dailymail

Leave a Reply
You must be logged in to post a comment.