ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
M-Media

– ဘောလုံးပြိုင်ပွဲများတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံပုံ မြောက်များစွာရှိသော်လည်း အီတလီ အပျော်တမ်းဘောလုံးပြိုင်ပွဲမှ ထူးဆန်းသော အောင်ပွဲခံမှုတစ်ခုအတွက် ကစားသမားတစ်ဦးမှာ ထုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။
Ponticelli နှင့် Riolo Terme အသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင်ဖြစ်ပြီး Riolo Terme အသင်းမှ တိုက်စစ်မှူးမှာ ဂိုးသွင်းယူပြီးနောက် ကစားဖော်များနှင့် အောင်ပွဲခံခြင်းမပြုခဲ့ဘဲ အရန်ခုံတမ်းသို့ သွားရောက်ကာ ထိုင်ခုံတွင် ကာထားသော အကာအား ခေါင်းဖြင့်တိုက်၍ ခွဲခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဒိုင်လူကြီးက ၎င်းအား တိုက်ရိုက်အနီကဒ်ဖြင့်ထုတ်ပယ်ခဲ့သည်။ ထို့ကဲ့သို့ ခေါင်းဖြင့်တိုက်ခဲ့သော်လည်း ၎င်းမှာ မည်သည့် ဒဏ်ရာမှရရှိခဲ့ခြင်း မရှိချေ။
ဂိုးသွင်းယူပြီးနောက် ထိုကဲ့သို့ ပြင်းပြင်းထန်ထန်အောင်ပွဲခံမှုများမှာ ပရီးမီးယားလိဂ် ဘောလုံးလောကတွင်လည်း ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်က စိန့်ဂျိမ်းစ်ပါ့ခ် တွင် ကစားခဲ့သည့် နယူးကာဆယ်နှင့် ဘော်တန်အသင်းတို့ပွဲစဉ်တွင် နယူးကာဆယ်အလယ်တန်းလူ ကတ်စ်ဘာယီယာမှာ ဂိုးသွင်းပြီးနောက် ကွင်း အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်အား ကန်ကြောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်ကလည်း မန်ယူတိုက်စစ်မှူး ၀ိန်းရူနီမှာ ၀က်စ်ဟမ်းအသင်းနှင့် အဝေးကွင်းပွဲစဉ် တွင် ဒုတိယဂိုးသွင်းယူပြီးနောက် Sky Sports ရုပ်သံ၏ ကင်မရာရှေ့သို့ သွားရောက်၍ ဆဲဆိုခဲ့သည်။ ၀ိန်းရူနီ၏ ထိုလုပ်ရပ်ကြောင့် FA က ၎င်းအား ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။
Ref : Dailymail

Leave a Reply
You must be logged in to post a comment.