News @ M-Media

လာမည့် ဧပြီလမှ စတင်၍ စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူနိုင်တော့မည်

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
M-Media
ပြည့်ပြည့်

မြန်မာနိုင်ငံတွင် အွန်လိုင်းမှတဆင့် စာအုပ်များ ၀ယ်ယူမှုကို လာမည့် ဧပြီတွင် စတင်၍ ၀ယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစနစ်ကို JAS Phone (Internet Wallet. Ltd) နည်းပညာကုမ္ပဏီနှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ပူးပေါင်း၍ jas.com.mm ၀ဘ်ဆိုက်တွင် ၀တ်ယူဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

JAS ဖုန်းများ၌သာမက အခြား Android ဖုန်းများနှင့် Tablet များအတွက် JAS စာအုပ်ဆိုင် Application အား အခမဲ့ ရယူနိုင်ပြီး www.jas.com.mm တွင် အခမဲ့ download ရယူနိုင်ကြောင်းသိရသည်။

စာအုပ်များရောင်းချမှု ငွေပေးချေစနစ်အား i-pay card code ဖြင့်ဖြစ်စေ ဖုန်းဘေလ်မှဖြစ်စေ ဖြတ်တောက်ရန် စီစဉ်ပြုလုပ်ထားပြီး အွန်လိုင်းမှ စာအုပ်ရောင်းချသည့်အတွက် မူရင်းပုံနှိပ်စာအုပ်များ၏ ရောင်းအား ထိခိုက်လာမည်ကို စာပေအသိုင်းအ၀ိုင်းမှ အချို့ပြောဆိုမှုများ ရှိလာသော်လည်း အွန်လိုင်းမှာ ရောင်းချမည့် စာအုပ်များအား စာရေးဆရာများ၏ ခွင့်ပြုချက်ရရှိမှသာ ရောင်းချမည်ဖြစ်ကြောင်းလည်း သိရသည်။

Comments

Leave a Reply