ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
M-Media

– လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် မရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မန်ယူအသင်းသားများအနေဖြင့် ၎င်းတို့၏တန်ဖိုးအား ရာသီကုန်အထိ သက်သေပြသွားရမည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
မန်ယူအသင်း၏ ဆိုးရွားသော ကစားပုံများအတွက် ကစားသမားများကိုသာ အပြစ်တင်ရမည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ခြေလှမ်းများအား မြှင့်ရန်နှင့် အမြင့်ဆုံးအဆင့်ဖြင့် အဆုံးသတ်နိုင်ရန်အတွက် တိုက်တွန်းပြောကြားခဲ့သည်။
“အမှတ်ပေးဇယားက ကျွန်တော်တို့ရဲ့ အဆင့်အတွက် ကျွန်တော်တို့ကစားသမားတွေ တာဝန်ယူရပါမယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းတယ်ဆိုတာ ကိုယ်တိုင်သိကြပါတယ်” ဟု ရူနီက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် ယခုနှစ်ရာသီအတွက် အရေးကြီးဆုံးမှာ အဆင့်လေးနေရာအား ရရှိရန်နှင့် ချန်ပီယံလိဂ်တွင် တိုးတက်မှုများ ပြသရန်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
မန်ယူအသင်းမှာ FA ဖလားနှင့် ကပီတယ်ဝမ်း ဖလားတို့မှ ထွက်ခွာခဲ့ရပြီး၊ ပရီးမီးယားလိဂ်တွင်လည်း အဆင့်လေးရှိ လီဗာပူးလ်အသင်းနှင့် ၁၁ မှတ် ကွာဟနေသောကြောင့် ရာသီကုန်တွင် အဆင့် ၄ နေရာသေချာရေး အခွင့်အလမ်းမှာလည်း သံသယဖြစ်ဖွယ်ရှိနေသည်။
Ref : Goal

Leave a Reply
You must be logged in to post a comment.