ဖေဖော်ဝါရီ ၂၇ ၂၀၁၄
M-Media
– ရီးယဲလ်မက်ဒရစ် အသင်းအား အိမ်ကွင်း၌ အရှက်တကွဲဖြင့် ရှုံးနိမ့်ခဲ့သည့် ယနေ့နံနက် ချန်ပီယံလိဂ်ပွဲစဉ်မှာ အသုံးမကျသည့် ပွဲတစ်ပွဲဖြစ်သည်ဟု ရှော်လ်ကာအသင်း နည်းပြဖြစ်သူ ဂျီန်စ် ကီလ်လာက ပြောကြားခဲ့သည်။
ရှော်လ်ကာအသင်းမှာ ထိုပွဲတွင် အဓိက ကစားသမားများဖြစ်ကြသည့် စီအဒ် ကိုလာစီနတ်၊ ကီဗင်ပရင့်စ် ဘိုအာတင်း၊ ရိုမန် နျူစတတ်ဒ်တာတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ လူငယ်များဖြင့် ပွဲထွက်ခဲ့ခြင်းဖြစ်ကာ ရီးယဲလ်အသင်းအား ၆ ဂိုး ၁ ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။
“ဒီပွဲမှာတော့ ကျွန်တော်တို့က လူငယ်ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ရတာပါ။ သူတို့တွေတော့ သင်ခန်းစာကောင်းကောင်း ရခဲ့ပါတယ်။ ပထမဂိုးပေးလိုက်ရတဲ့အချိန်အထိ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အမှားတွေ တစ်ခုပြီးတစ်ခုလုပ်ခဲ့ပြီး၊ ရီးယဲလ်ကလည်း ဒီအမှားတွေကို မညှာမတာ အသုံးချသွားခဲ့တာပါ” ဟု ကီလာက Sky Sport သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရှော်လ်ကာအသင်းမှာ ဒုတိယအကျော့အဖြစ် မတ်လ ၁၈ ရက် ဘာနေဗျူးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နောက် တစ်ဆင့်တက်ရေး မျှော်လင့်ချက်မှာေ၀၀ါးလျက်ရှိသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.