News @ M-Media

အာဆင်နယ်၏ ဖလားလက်မဲ့ ရာသီများအတွက် ရှက်စရာကောင်းသည်ဟု ဆဂ်နာဆို

မတ် ၁၊ ၂၀၁၄
M-Media
367033_heroa
– နှစ်ပေါင်းများစွာ ဖလားလက်မဲ့ဖြစ်ရသည့် အာဆင်နယ်အသင်း၏ စွမ်းဆောင်မှုမှာ ရှက်စရာကောင်းသည်ဟု အသင်း၏ နောက်ခံလူ ဘာကာရီ ဆဂ်နာက ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းမှာ ၂၀၀၅ ခုနှစ်ကတည်းက ဖလားလက်မဲ့ရာသီများနှင့် ကြုံတွေ့ခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင် အသင်းသို့ရောက်ရှိလာသည့် ဆဂ်နာမှာ အာဆင်နယ်အသင်းနှင့် မည်သည့်ဖလားမှ မရခဲ့ဘူးပေ။ အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသနေပြီး ယခုအချိန်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်ဆီးအသင်းနှင့် ၁ မှတ်အကွာနေရာ၌ ရှိနေကာ FA ဖလားတွင်လည်း အခြေအနေကောင်းနေသောကြောင့် အောင်မြင်မှုများရရှိရန် ဆဂ်နာက မျှော်လင့်နေသည်။

“ကျွန်တော့်ရဲ့ပထမဆုံးဖလားဖြစ်ပါလိမ့်မယ်။ ကျွန်တော်ဒီမှာရှိတာ ၇ နှစ်ရှိပါပြီ။ ပြီးတော့ ကျွန်တော်တို့ ဘာမှမရပါဘူး။ အသင်းအတွက် နည်းနည်းတော့ ရှက်စရာပါပဲ။ ကျွန်တော်တို့ ကစားသမားတွေနဲ့ ပရိတ်သတ်တွေ အတွက်လည်း အတူတူပါပဲ” ဟု Mirror သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့ပြင် ကစားသမားတစ်ဦးအနေဖြင့် အောင်မြင်ချင်ကြောင်း၊ အောင်မြင်မှုကို ဆာလောင်ပြီး အတိတ်က အမှားများကို သင်ခန်းစာယူကာ ယခုနှစ်ရာသီချန်ပီယံဆုအတွက် ရှေ့ဆက်ရမည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်တွင် ပရီးမီးယားလိဂ် ချန်ပီယံနောက်ဆုံးဖြစ်ခဲ့ပြီး၊ ယခုနှစ်တွင် အသင်းသို့ အိုဇေးလ်ရောက်ရှိလာခြင်းနှင့် အတူ ခြေစွမ်းကောင်းများ ပြသနိုင်ကာ ဖလားသုံးလုံး လမ်းကြောင်းပေါ်တွင်ရှိနေခဲ့သော်လည်း ပြီးခဲ့သည့် တစ်ပါတ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဘိုင်ယန်မြူးနှစ် အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်တစ်ဆင့် တက်ရေးမျှော်လင့်ချက်မှာ မှေးမှိန်လာနေသည်။

Ref: Goal

Comments

Leave a Reply