မတ် ၁၆၊ ၂၀၁၄
M-Media
– ချယ်ဆီးအသင်းနည်ပြ မော်ရင်ဟိုမှာ သူငယ်ချင်းများထားရသည်ကို နှစ်သက်ခြင်းမရှိဘဲ မိမိနှင့်လည်း ရင်းနှီးခြင်းမရှိဟု ဂါလာတာစာရေးအသင်း၏ နည်းပြဖြစ်သူ မန်စီနီက ပြောကြားလိုက်သည်။
ထိုကဲ့သို့ပြောဆိုခြင်းမှာ လာမည့်အင်္ဂါနေ့တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ချယ်ဆီးအသင်းအား ရင်ဆိုင်ရမည့် မန်စီနီက မော်ရင်ဟိုအား စကားစစ် ထိုးလိုက်ခြင်းလည်းဖြစ်သည်။
တူရကီမြေတွင်ကစားခဲ့ပြီး ၁ ဂိုးစီ သရေကျခဲ့သည့် ပထမအကျော့မတိုင်ခင်ကလည်း မော်ရင်ဟို လက်ထက် ချန်ပီယံလိဂ်ဖလားရခဲ့သည့် အင်တာအသင်းအား မိမိက တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ဖူးသည်။
“ကျွန်တော်ကတော့ သာမန်ကိစ္စတစ်ခုကို ပြောခဲ့တာပါ။ အဲဒါကို အငြင်းပွားဖွယ်ဖြစ်အောင် တစ်ယောက်ယောက်က ၀င်မွှေခဲ့ပြီး၊ သူ(မော်ရင်ဟို)က တကယ်ကို စိတ်ဆိုးခဲ့ပါတယ်။ တူရကီမှာတုန်းက ကျွန်တော်တို့ နှုတ်ဆက်ခဲ့ကြပြီး၊ မရင်းနှီးခဲ့ကြတာတော့ သေချာပါတယ်။ မော်ရင်ဟိုဟာ သူငယ်ချင်းတွေ ရှိချင်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါမှမဟုတ် ဒါဟာ သူထင်ပေါ်ဖို့ နည်းလမ်းလည်းဖြစ်နိုင်ပါတယ်” ဟု မန်စီနီက La Repubblica သတင်းစာသို့ ပြောကြားခဲ့သည်။
Goal
Leave a Reply
You must be logged in to post a comment.