News @ M-Media

INGO ရုံးများ အကြမ်းဖက် ဖျက်ဆီးခံရမှု စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

မတ် ၂၉ ၊ ၂၀၁၄
M-Media

29_Mar_14_ကြေးမုံ_-_2014-03-29_12.08.17
စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် INGO အဖွဲ့ရုံးခန်းများ၊ UN အဖွဲ့အစည်းရုံးခန်းများ အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှုများ အတွက် အဖွဲ့ဝင် (၅) ဦးပါတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို သမ္မတဦးသိန်းစိန် က ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ကို နယ်စပ်ရေးရာ ဒုဝန်ကြီးက ဥက္ကဌအဖြစ် ဦးဆောင်ပြိး ရခိုင်ပြည်နယ် ဥပဒေချူပ်၊ လေကြောင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးတစ်ဦး၊ သမ္မတရဲ့ ဥပဒေအကြံပေးအဖွဲ့ခေါင်ဆောင် တစ်ဦး၊ Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်တို့ ပါဝင်ကြပါတယ်။

ကြေညာချက်မှာ စုံစမ်းရေးအဖွဲ အနေဖြင့် အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်တွင် ဦးဆောင်ပါဝင်ခဲ့ သူများနှင့် ပြစ်မှု ကျူးလွန်သူများအား စုံစမ်းစစ်ဆေးဖော် ထုတ်ရန်၊ ပြည်နယ် အုပ်ချုပ်ရေးအပိုင်းမှ အဓိက တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် တာဝန်ပေးအပ်ထားပါတယ်။

အစီအရင်ခံစာကို ဧပြီလ(၇) ရက်နေ့နောက်ဆုံးထားပြီး သမ္မတဦးသိန်းစိန်ကို တိုက်ရိုက်အစီအရင်ခံမှာပါ။

စုံစမ်း စစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့ ဒေါက်တာကျော်ရင်လှိုင် (Myanmar Egress) ဟာ ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများအတွက် သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေးခဲ့တဲ့ ရခိုင် အရေးစုံစမ်း စစ်ဆေးရေး ကော်မရှင်၊ ဒုချီးရားတန်း ကော်မရှင် နှင့် ယခု နောက်ဆုံး ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေး အဖွဲ့ (၃) ခုစလုံးမှာ အတွင်းရေးမှူး တာဝန်ပေးအပ်ချင်းခံရတာကို ထူးခြားချက်အနေနဲ့ တွေ့ရှိပါတယ်။

Comments

Leave a Reply