News @ M-Media

အသင်းလက်မဲ့ဖြစ်နေသည့် အနယ်လ်ကာအား ဘရာဇီးလ် ကလပ် မင်နီရိုအသင်းမှ ခေါ်ယူ

ဧပြီ ၇ ၊ ၂၀၁၄
M-Media

– ဂိုးသွင်းပြီး အောင်ပွဲခံရာတွင် အငြင်းပွားဖွယ် ဂျူးဆန့်ကျင်ရေး အမူအရာပြုလုပ်ခဲ့သည်နှင့် ပတ်သက်၍ ၀က်စ်ဘရွန်းအသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသော ပြင်သစ် တိုက်စစ်မှူး အနယ်လ်ကာအား ဘရာဇီးကလပ် အက်သလက်တီကို မင်နီရိုအသင်းက ခေါ်ယူခဲ့သည်ဟု သိရသည်။

378781_heroa

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အနယ်လ်ကာမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုတွင် အငြင်းပွားဖွယ် ဂျူးဆန့်ကျင်ရေးအမူအရာဖြင့် အောင်ပွဲခံခဲ့ပြီးနောက် ထိုအပြုအမူကြောင့် FA က ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ၀က်စ်ဘရွန်းအသင်းကလည်း ၎င်းနှင့် ချုပ်ဆိုထားသော စာချုပ်အား ဖျက်သိမ်းခဲ့သည်။

အသင်းလက်မဲ့ဖြစ်နေသည့် အနယ်လ်ကာအား ခေါ်ယူနိုင်ခဲ့ပြီဟု ဘရာဇီးကိုပါ လီဘာတာဒိုးစ် ချန်ပီယံ မင်နီရိုအသင်းက ၎င်းတို့၏ Twitter စာမျက်နှာတွင်ဖော်ပြခဲ့သည်။

FA ကမူ အနယ်လ်ကာ၏ ပွဲပယ်ပြစ်ဒဏ်ကို တစ်ကမ္ဘာလုံးတွင် အကျုံးဝင်ရန် ဖီဖာအား တောင်းဆိုထားပြီး ဖီဖာမှ လက်ခံခဲ့ပါက အနယ်လ်ကာမှာ မင်နီရိုအသင်း၏ ပထမဆုံးကစားမည့် ပွဲစဉ် ၅ ပွဲတွင် ပါဝင်ခွင့်ရမည်မဟုတ်ချေ။

Comments

Leave a Reply