ဧပြီ ၇ ၊ ၂၀၁၄
M-Media
– ယခုတစ်ပါတ်ပွဲစဉ်တွင် စတုတ်စီးတီးအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း ချန်ပီယံဖြစ်ခွင့်မှာ မိမိတို့အပေါ်တွင် မူတည်ခြင်းမရှိဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။
မိုဟာမက်ဆာလာဟ်၊ လမ်းပတ်နှင့် ၀ီလီယံတို့၏ဂိုးဖြင့် အနိုင်ရခဲ့ကာ ချန်ပီယံလမ်းကြောင်းပေါ်ရှိနေသည့် မန်စီးတီး၊ လီဗာပူးလ်တို့ကို ဖိအားပေးနိုင်နေသော်လည်း ချန်ပီယံဖြစ်ရေးမှာ ပြိုင်ဘက်အသင်းများပေါ်တွင်သာ မူတည်သည်ဟု မော်ရင်ဟိုက ဆိုသည်။
“(ချန်ပီယံဖြစ်ခွင့်ဟာ) ကျွန်တော်တို့အသင်းပေါ်မှာ မူတည်မနေဘူးဆိုတာ ကျွန်တော်ထပ်ပြောပါမယ်။ ဇယားထိပ်ဆုံးမှာရှိဖို့၊ ချန်ပီယံဖြစ်ရေး ကျွန်တော်တို့ကိုယ်တိုင်ဆောင်ရွက်ဖို့ စောင့်နေခဲ့ပေမယ့် ဖြစ်မလာပါဘူး။ ကျွန်တော်တို့ လီဗာပူးလ်နဲ့ ကစားဖို့ရှိနေပြီး ၃ မှတ်အတွက် စကားပြောရပါမယ်။ ဒါပေမယ့် ကျနော်တို့ မန်စီးတီးနဲ့ ကစားဖို့မရှိတော့ သူတို့က တစ်ပန်းသာနေပါတယ်” ဟု မော်ရင်ဟိုက Sky Sports သို့ပြောကြားခဲ့သည်။
ချယ်ဆီးအသင်းမှာ ယခုလက်ရှိတွင် ၇၂ မှတ်ဖြင့် ထိပ်ဆုံး၌ဦးဆောင်နေသော်လည်း လီဗာပူးလ်က တစ်ပွဲလျော့ ၇၁ မှတ်ဖြင့်လည်းကောင်း၊ မန်စီးတီးအသင်းက ၂ ပွဲလျော့ ရမှတ် ၇၀ ဖြင့်လည်းကောင်း အဆင် ၂ နှင့် အဆင့် ၃ တို့တွင် ရှိနေကြသောကြောင့် ချန်ပီယံဖြစ်ရေးအတွင် အကြိတ်အနယ်ရုန်းကန်ရမည်ဖြစ်သည်။
Leave a Reply
You must be logged in to post a comment.