News @ M-Media

ရုရှားနှင့်အနောက်အုပ်စုတို့ ယူကရိန်းအရေး သဘော တူညီချက်ရရှိ၊ ခွဲထွက်ရေးသမားများက လက်မခံ

ဧပြီ ၁၈ ၊ ၂၀၁၄
M-Media

– ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာအား ပြေလျော့စေရန် အကောင်အထည်ဖော်မှုခြေလှမ်း အဖြစ် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ယူကရိန်းတို့ သဘောတူညီချက် တစ်ခုရခဲ့သည်ဟု သိရသည်။

USA-Ukraine-Russia-_4-18-2014_144960_l

ယမန်နေ့က ရရှိခဲ့သည့် အဆိုပါသဘောတူညီချက်မှာ ယူကရိန်းနိုင်ငံသား အားလုံး၏ လုံခြုံရေးအတွက် ယူကရိန်းအရှေ့ပိုင်းဒေသများရှိ တရားမ၀င် လက်နက်ကိုင်တပ်များအား လက်နက်ချရေးနှင့် သိမ်းပိုက်ထားသော အဆောက်အဦးများအား စွန့်လွှတ်ရေးတို့ ပါဝင်ပြီး၊  အဆိုပါသဘော တူညီချက်ကြောင့် အနောက်အုပ်စုမှ ရုရှား အပေါ် စီပွားရေး ပိတ်ဆို့မှုများပြုလုပ်ရန်ကို ဆိုင်းငံ့ထားခဲ့သည်။ ထိုသဘောတူညီချက်တွင် မြို့တော်အတွင်း ရာဇ၀တ်မှုများကို ကျူးလွန်သူများမှလွဲ၍ တောင်းဆိုချက်များနှင့် ကိုက်ညီသည့် ဆန္ဒပြသူများအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန်လည်း ပါဝင်ခဲ့သည်။

“ဒီပြဿနာမှာ ပါဝင်တဲ့လူအားလုံးဟာ အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ဒါမှမဟုတ် ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားရပါမယ်” ဟု ယူကရိန်း၊ ရုရှား၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မ အိုဘာမားကမူ ရုရှားအနေဖြင့် ထိုသဘောတူညီချက်ကို ဆောင်ရွက်မည်ဟုတ်မဟုတ် မသေချာ
သေးဟု သတိပေးပြောကြား ခဲ့သည်။ ထို့ပြင် ထိုသဘောတူညီချက်အား ယူကရိန်းရှိ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ် ပူရှ်ဟီလင်ကလည်း လက်မခံဟု ပြောကြားခဲ့ပြီး ရုရှားမှာ မိမိတို့အရေး အတွက် လက်မှတ်ထိုးခဲ့ခြင်းမဟုတ်ကြောင်း၊ မေ ၁၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပြည်သူ့ ဆန္ဒခံယူပွဲပြီးမှသာ မိမိတို့တပ်များ သိမ်းပိုက်ထားသော အဆောက်အဦးများမှ ထွက်ခွာမည်ဖြစ်ကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။

Al Jazeera and agencies

Comments

Leave a Reply