ဧပြီ ၂၃၊ ၂၀၁၄
M-Media
– မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်စ် အထုတ်ခံရမှုအတွက် အသင်း၏ အမှုဆောင်ချုပ် ၀ုဒ်ဝါ့ဒ်နှင့် အသင်းသားများအား မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ပြစ်တင်ပြောဆိုလိုက်သည်။
ချယ်ဆီးနှင့် အက်သလက်တီကိုတို့ ကစားခဲ့သည့် ယမန်နေ့က ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ ရွိုင်ကိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ကစားသမားများအနေဖြင့်လည်း ရှက်စရာဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။
“သူ(မိုယက်စ်)ဟာ အစပိုင်းမှာ အခက်အခဲတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အမှုဆောင်ချုပ်ကိုကြည့်ပါတယ်။ သူဟာ သဘောတူညီချက်ကို ဖြစ်မြောက်အောင် မဆောင်ရွက်ခဲ့ပါဘူး။ ဒါဟာ ရှက်စရာလို့ ကျွန်တော်ထင်ပါတယ်။ မိုယက်စ်ကို အချိန်ပိုပေးခဲ့သင့်ပါတယ်။ အချို့ကစားသမားတွေကလည်း ရှက်သင့်ပါတယ်။ သူတို့က မိုယက်စ်ကို အမှန်တစ်ကယ် ဆွဲချခဲ့တာပါ” ဟု ကိန်းကဆိုသည်။
အသင်း၏ရလဒ် ဆိုးရွားခဲ့သည့်အတွက် မိုယက်စ်အား မန်ယူနည်းပြအဖြစ် ခန့်အပ်ခဲ့သော ဖာဂူဆန် အပေါ်မည်မျှ တာဝန်ရှိသနည်းဟု မေးမြန်းခဲ့ရာ ကိန်းက မိုယက်စ်အား ဖာဂူဆန်ရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ၊ ဖာဂူဆန်က အမည်စာရင်းပေးခဲ့ခြင်းသာဖြစ်ပြီး အသင်းတာဝန်ရှိသူများက ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊ မန်ယူအသင်း အဆင့် ၇ သို့ရောက်နေသည်မှာ စိတ်ပျက်စရာဖြစ်သော်လည်း မိုယက်စ်အား ကစားသမားများအပါအ၀င် အသင်းရှိ လူအားလုံးက ၀န်ရံရန် လိုအပ်ခဲ့ကာ ထိုကဲ့သို့ ၀န်းရံခဲ့ခြင်းမရှိကြောင်း ကိန်းက ထပ်လောင်းပြောကြားခဲ့သည်။
Mirror

Leave a Reply
You must be logged in to post a comment.