News @ M-Media

ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ မီဒီယာ ကျင့်ဝတ်ထုတ်ပြန်

မေ ၃၊ ၂၀၁၄
M-Media
လမင်း

DSC01460

ရန်ကုန်  ။      ။       မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် နိုင်ငံတကာမီဒီယာ ပံ့ပိုးရေးအဖွဲ့ တို့ပူးပေါင်းပြီး ယနေ့ မေလ ၃ ရက်နေ့ ရန်ကုန်မြို့ Sedona Hotel တွင် မြန်မာသတင်းစာဆရာများ အတွက် သတင်းမီဒီယာကျင့်ဝတ် (၂၈)ချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်သောသတင်း မီဒီယာကျင့်ဝတ်များတွင် သတင်း မီဒီယာသမားများသည် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှုများရှိခြင်း၊ ပေါက်ကြားသော သတင်း အချက်အလက်များနှင့် သတင်းရင်းမြစ်ကို ကာကွယ်ခြင်း၊ ပြင်းထန်ကြမ်းတမ်းသော ဘာသာရေးအ သုံးအနှုန်းများ သုံးစွဲမှုကိုမပြုခြင်း၊ အများပြည်သူ အကျိုးစီးပွားကိုကြည့်ခြင်း၊ စသည့်စောင့်ထိန်းသင့်သည့် အချက် (၂၈)ချက်ပါဝင်သော မီဒီယာကျင့်ဝတ်ကိုထုတ်ပြန်ခဲ့သည်။

“အခုလိုသတင်း မီဒီယာသမားတွေလိုက်နာရမယ့် ကျင့်ဝတ်ကို အခုလိုထုတ်ပြန်ပေးတဲ့အတွက် အရမ်းကိုကောင်းမွန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာသမားတွေအနေနဲ့လည်း ဒါကို တတ်နိုင်သလောက် လိုက်နာကျဖို့လိုပါတယ်” ဟု ကိုနေဘုန်းလတ်ကသုံးသပ်ပြောကြားသည်။

Comments

Leave a Reply