News @ M-Media

မိုးရွာစဉ်ကားမောင်းလျှင် လိုက်နာရန် အတွက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်

မေ ၉၊ ၂၀၁၄
M-Media
လမင်း

DSC01593

ရန်ကုန်  ။       ။      မိုးရွာစဉ် ကားမောင်းရသော ယာဉ်မောင်းသမားများ လိုက်နာရန်အတွက် ယာဉ်စည်းကမ်းကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

ထိုထုတ်ပြန်ကြေညာချက်တွင်  လမ်းတွင်စက်ဆီ၊ ချောဆီများဖိတ်နေလျှင် လမ်းချော်နိုင်ကြောင်း၊ မော်တော်ယာဉ်ဘီး များတွင် ပန်းမရှိလျှင် ဘီးချော်နိုင်ကြောင်း၊ လေပေါင်ချိန်များလျှင်နှင့် ရွံနွံများထဲတွင် လမ်းချော်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် အရှိန်ပြင်းစွာ မမောင်းနှင်ရန်၊ ဘရိတ်ကို ရုတ်တရက် မနင်းရန်၊ရေသုတ်တံပါရှိရန်၊ မိုးများပါက ရှေ့မီးကြီးဖွင့်မောင်းရန် နှင့် ကုန်တင်ယာဉ်များ အနေဖြင့် ကုန်ပစ္စည်းကို ဟန်ချက် ညီညီတင်ရန်နှင့် အုတ်၊ သဲ၊ ကျောက်တို့ သယ်ဆောင်ရာတွင် ဖိတ်စင်မှု မရှိစေရန်တို့ကို ထုတ်ပြန်ကြေညာထားသည်။

“ကျွန်တော်တို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ အနေနှင့် မိုးရာသီကာလရောက်ပြီဆိုလျှင် အမြဲထုတ်ပြန်ကြေညာပါတယ်။ မိုးအရမ်းရွာရင် ယာဉ်တိုက်မှုတွေ ပိုမိုပြီးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသိပေးရတာပါ။ ရေဒီယိုတွေကနေ ရုပ်မြင်သံကြားတွေကနေပါ အချိန်အားလျော်စွာ ထုတ်ပြန် ကြေညာပေးသွားမှာ ဖြစ်ပါတယ်” ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောခဲ့သည်။

ယာဉ်စည်းကမ်းရေးကော်မတီမှ ထုတ်ပြန်ထားရှိသော ကြေညာချက်များကို မလိုက်နာပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များမှာ တစ်လထက် တစ်လ တိုးမြင့်လျှက် ရှိနေကြောင်းလည်း သိရသည်။ ဇန်န၀ါရီလ မှ ဧပြီလအတွင်း မြန်နာနိုင်ငံ တစ်ဝှမ်းလုံးတွင် ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း ၅၀၃၂၈ မှုဖြစ်ပွားခဲ့ရာ ၉၃၈၃ ဦး ဒဏ်ရရခဲ့ပြီး ၁၆၅၂ ဦးသေဆုံးခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့စာရင်းများအရ သိရပါသည်။

Comments

Leave a Reply