News @ M-Media

ခရိုင်းမီးယား ရုရှား လက်အောက်ရောက်ပြီးနောက် ပထမဆုံး အကြိမ် သမ္မတပူတင် လာရောက်လည်ပတ်

မေ ၉ ၊ ၂၀၁၄
M-Media

– မတ်လအတွင်းက ခရိုင်းမီးယားဒေသမှာ ရုရှားလက်အောက်သို့ ရောက်ခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်မှာ ထိုဒေသသို့ ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။
_74742312_74742311
၁၉၄၅ ခုနှစ် နာဇီဂျာမနီအား ရုရှားစစ်တပ်မှအောင်နိုင်ခဲ့သည့် နှစ်ပတ်လည်အခမ်းအနား  တစ်စိတ်တစ်ပိုင်း အဖြစ် ပူတင်မှာ ဆီဗက်စတိုပို ရေတပ် စခန်းတွင် ရေတပ်သားများအား မိန့်ခွန်းပြောကြားခဲ့သည်။

ထိုရေတပ်စခန်းတွင် ရုရှား တိုက်လေယာဉ်များ ပျံသန်းနေသည်ကို ကြည့်ရှုခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ပါဝင်ခဲ့ စစ်တပ်အား ကျေးဇူးတင်ကြောင်းပြောကြားခဲ့ကာ ခရိုင်းမီးယားကျွန်းဆွယ် ရုရှားနိုင်ငံအတွင်း ၀င်ရောက်ပူးပေါင်းမှုကိုလည်း ချီးကျူးခဲ့သည်။

“ရုရှားနဲ့ ပေါင်းစည်းဖို့ ဒီမှာရှိတဲ့လူတွေ ခိုင်ခိုင်မာမာဆုံး ဖြတ်ခဲ့တဲ့ ဒီ ၂၀၁၄ ခုနှစ်ဟာ တစ်နိုင်လုံးရဲ့ သမိုင်းမှတ်တမ်းထဲမှာ ပါသွားမှာပါ။ သမိုင်းနဲ့ချီတဲ့ သစ္စာတရားနဲ့ ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ မှတ်တမ်းကို အတည်ပြုခဲ့ခြင်းလည်းဖြစ်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

ယူကရိန်း အစိုးရကမူ ထိုလည်ပတ်မှုအား ဆန့်ကျင်ခဲ့ပြီး ယူကရိန်း၏အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မော်စကိုရင်ပြင်နီတွင်ပြုလုပ်သည့်  နှစ်ပတ်လည်အခမ်းအနားတွင် ပူတင်က နာဇီများကို အောင်နိုင်ခဲ့သည့် မေလ ၉ ရက်နေ့မှာ နားကျည်းအမှတ်ရစရာ နေ့တစ်နေ့ဖြစ်ပြီး ဆိုဗီယက်ပြည်သူများ၏ သံမဏိစိတ်ဓာတ်က ကျွန်ဘ၀ရောက်မည့် ဥရောပအား ကယ်တင်ခဲ့ကြောင်း၊ အမိမြေကို ကာကွယ်ရန် မိမိတို့မှာ သန္ဓိဌာန်ချထားကြောင်း စသဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

Comments

Leave a Reply