News @ M-Media

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်မည်

မေ ၂၈၊ ၂၀၁၄
M-media
လမင်း

ရန်ကုန် ။       ။     ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်စာရင်းအား ၂၀၁၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန် ကြေငြာ သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင်မြင့်အရာရှိ တစ်ဦးကပြောခဲ့သည်။

“ဆရာမတို့ကျောင်းတွေကိုတော့ ထွက်မဲ့ရက် အတိအကျ မရောက်သေးပါဘူး။ ဇွန်လ ၇ ရက်နေ့ထွက်မယ်လို့တော့ ကြားနေပါတယ်။ အခုထိတော့ စာဝင်လာတာ မရှိသေးပါဘူး” ဟု အ.ထ.က (၄) ဗိုလ်တစ်ထောင်မှ တာဝန်ကျဆရာမ တစ်ဦးကဆိုသည်။

ယမန်နှစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းမှာ ၂၀၁၃ ဇွန်လ ၁၈ ရက်နေ့တွင် ထွက်ရှိခဲ့သည်။

ယခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက္ကသိုလ် ၀င်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်း ငါးသိန်း ရှစ်သောင်းကျော်ရှိခဲ့ရာ လေးသောင်းကျော် ပျက်ကွက်ခဲ့ကြောင်း သိရပါသည်။

 

 

 

Comments

Leave a Reply