News @ M-Media

နယ်ခြားစောင့် တပ်ဖွဲ့ အရာရှိ ပျောက်ဆုံးမှု ဖြေရှင်းရန် မြန်မာကို ဘင်္ဂလားဒေရှ် တောင်းဆို၊ နယ်စပ် အခြေအနေ တင်းမာနေ

မေ ၃၀ ၊ ၂၀၁၄
M-Media

border_36833

ပြီးခဲ့သည့် မေ လ ၂၈ ရက် ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ ကင်းလှည့်နေသည့် တပ်ဖွဲ့တစ်ခုအား အား မြန်မာနယ်ခြားစောင့် တပ်ဖွဲ့မှ ပစ်ခတ်ကာ အရာရှိတစ်ဦးနှင့် လက်နက်များကို ဖမ်းဆီးခဲ့သောကြောင့် တင်းမာမှုများရှိနေချိန်တွင် နယ်စပ်တစ်လျှောက်၌ BGB က တပ်ဖွဲ့ဝင်များ ထပ်မံအားဖြည့်ထားသည်ဟု သိရသည်။

ပျောက်ဆုံးနေသူမှာ  BGB မှ အရာရှိတစ်ဦးဖြစ်သူ မီဇာနူရ် ရာဟာမန် (Nayek Mizanur Rahman) ဖြစ်ပြီး ၎င်းနှင့်အတူ အမ် ၂၂ ရိုင်ဖယ်တစ်လက်နှင့် ကျည်အတောင့် ၁၂၀ ကျော်ပါ ပျောက်ဆုံးနေသည်ဟု BGB မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာသံအမတ်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆင့်ခေါ်ခဲ့ကာ Mizanur Rahman အား ချက်ခြင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထို့ပြင် ယခုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားစေရန် အတွက် ပြည့်ဝသော စုံစမ်းမှုများ ပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီး Mustafa Kamal က မြန်မာသံအမတ်အား တောင်းဆိုခဲ့သည်ဟု ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာသံအမတ်ကမူ ထိုကိစ္စအား အထက်သို့သေချာစွာ တင်ပြပေးမည်ဟု ပြောကြားခဲ့ပြီး၊ ၎င်းတို့ဘက်မှ တုံ့ပြန်မှုများ ရလျှင် ဘင်္ဂလားဒေ့ရှ် အစိုးရသို့ ပြောကြားမည်ဟု ဆိုသည်။ မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးကလည်း ထိုကိစ္စအား မဆိုင်းမတွ စုံးစမ်းပေးရန်နှင့် ဖမ်းဆီးခံထားရသည့် BGB အဖွဲ့ဝင်အား ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တောင်းဆိုခဲ့သည်။

မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ နယ်စပ် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေရှ်ဘက် အခြမ်းမှ ပျောက်ကြား ဝတ်စုံထားသူ တစ်ဦးအား သေဆုံးပြီး အမ် ၂၂  ၁ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိကြောင်း ရေးသားထားသည်။

RFA သတင်းတပုဒ်တွင်မှု မောင်တောခရိုင် ရဲတပ်ဖွဲမှူးမှ အဆို ပါ လက်နက်ကိုင်များ မှာ RSO (Rohingya Solidarity Organization – ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေး) အဖွဲ့ ဝင်များ ဖြစ်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားသည်။

ထိုပြဿနာများ ဖြစ်ပွားပြီးနောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက် လုံခြုံရေးများ တိုးမြှင့်ချထားကာ အခြေအနေမှာ တင်းမာလျက်ရှိနေသည်။

Ref: The Daily Star and MOI

Comments

Leave a Reply